အစိုးရသစ်လက်ထက်တွင်မြစ်ကြီးနားမြို့တွင်းလမ်း(၂၀)လမ်း ဆောက်လုပ်ပြီးစီး



အစိုးရသစ်လက်ထက်တွင်မြစ်ကြီးနားမြို့တွင်းလမ်း(၂၀)လမ်း ဆောက်လုပ်ပြီးစီး

EPN
မြစ်ကြီးနား နိုဝင်ဘာ ၂၁

  • အစိုးရသစ်လက်ထက်တွင် မြစ်ကြီးနားမြို့နယ်စည်သာယာရေးအဖွဲ့နှင့် ပြည်သူ ငွေတစ်ဝက်စီ ကျခံ၍ မြို့တွင်းလမ်း စုစုပေါင်း  ၂၀လမ်းဆောက်လုပ် ပြီးစီးခဲ့ပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဌာန မှသိရသည်။

  • မြစ်ကြီးနားမြို့တွင်းရှိရပ်ကွက်၃၁ရပ်ကွက်အနက်မှအေးစေတီရပ်ကွက်၊ရမ်ပူရပ်ကွက်၊တပ်ကုန်းရပ် ကွက်၊မြို့သစ်ကြီးရပ်ကွက်၊မြေမြင့်ရပ်ကွက်၊ဒူကထောင်ရပ်ကွက်၊လယ်ကုန်းရပ်ကွက်၊ ခေမာသီရိရပ်ကွက်၊ ဂျန်မိုင်ကောင်းရပ်ကွက်၊ ဧရာရပ်ကွက်၊ ယုဇနရပ်ကွက်၊များအတွင်းရှိ လမ်း၂၀လမ်းကို တည်ဆောက်ပြီးစီး ခဲ့ခြင်းဖြစ်သည်။

  • ``ရပ်ကွက်အနေအထား အလိုက်ပေါ့နော် လမ်းအသစ်ခင်းတာလဲပါတယ် လမ်းကြားတွေခင်းတာလဲပါ တယ် လမ်းကိုထပ်တိုးချဲ့တာလဲပါတယ် အရင်တုန်းကတော့ ရပ်ကွက်တွေထဲမှာ လမ်းခင်းချင်ရင် ကျွန်တော်တို့ က ကတ္တရာရယ် စက်ယန္တရားရယ် ကျွမ်းကျင်မှု နည်းပညာရယ်ပဲ ပေးခဲ့တယ် ဥပမာသိန်း၁၀၀ကုန်ကျမယ်ဆို စည်ပင်က သိန်း၅၀၊ပြည်သူက သိန်း၅၀ပေါ့ တစ်ယောက်တစ်ဝက်ဆိုတော့ ပြည်သူတွေဘက်က အရမ်းသက် သာသွားပါတယ်´´ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးယုန်ဖုကပြောသည်။

  • အဆိုပါ ၂၃လမ်းမှာ ကတ္တရာခင်းလမ်းအမျိုးအစားများဖြစ်ပြီး  စုစုပေါင်းလမ်းအရှည်မှာ ပေပေါင်း ၄သောင်း ကျော်၍  ကုန်ကျငွေ သိန်းပေါင်း၁သောင်းကျော်ဖြင့်ခင်းခဲ့ခြင်းဖြစ်ကြောင်း  မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာဌာန၏ မှတ်တမ်းများ အရသိရသည်။

  • ယခုနှစ် ၂၀၁၇-၂၀၁၈ စည်ပင်သာယာရေးအဖွဲ့၏ဘတ်ဂျက်ဖြင့် မြစ်ကြီးနားမြို့တွင်းမှ ၂၃လမ်းကို ခင်းကျင်းခဲ့ရာ လမ်း၂၀သာပြီးစီး ကျန်သုံးလမ်းကို ယခုနှစ် ဒီဇင်ဘာလ အတွင်းအပြီးလုပ်ဆောင်သွားမည်ဖြစ် ကြောင်းသိရသည်။

  • အဆိုပါ၁၁ရပ်ကွက်တွင် တပ်ကုန်းရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက်မှာ လမ်းအရေအတွက် အနေဖြင့် အများဆုံးခင်းခဲ့ပြီး လယ်ကုန်းရပ်ကွက်တွင် လမ်းပေအများဆုံးခင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  • စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းစဉ်များအဖြစ် မြို့၏လမ်းတံတားဆောက်လုပ်ရေး၊ရေပေးဝေရေး စသည့် လူထုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည်။


                                                           မီးမီး


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ