မိုးကောင်း၌ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပေး



မိုးကောင်းဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပေး

EPN
မိုးကောင်း နိုဝင်ဘာ၂၀

  • မိုးကောင်းမြို့နယ်တွင်းရှိကလေးများအားဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းအစီအစဉ်အရ နိုဝင်ဘာ၂၀ရက် ယနေ့တွင်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ထိုးနှံခဲ့ကြောင်းသိရ သည်။

  • ကချင်ပြည်နယ်မိုးကောင်းမြို့နယ်အတွင်းရှိကလေးများအားဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံ ခြင်းအစီအစဉ်အဖြစ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှဒေါ်ကော့လိန်ဦးစီးသောသူနာပြုဆရာမ(၁၀)ဦးသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌စုရပ် ၃နေရာခွဲ၍နံနက်(၉)နာရီမှစကာထိုးနှံပေးခဲ့ကြောင်းသိ ရသည်။


  •           "တစ်ကြိမ်ထိုးနှံပြီးရင်(၈၅) ရာခိုင်နှုန်းကနေ (၉၅) ရာခိုင်နှုန်းအထိ ရောဂါကာကွယ်နိုင်စွမ်းရှိပါတယ် ပိုးအရှင်ကို အားပျော့အောင်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ တစ်ကြိမ်ထိုးထားရင်တစ်သက်တာနီးပါး ကာ ကွယ်ပေးနိုင်ပါတယ်"ဟုအမျိုးသမီးဆရာမဒေါ်ကော့လိန်မှရှင်းပြပါသည်။

  • ကာကွယ်ဆေးထိုးနှံခြင်းကိုကျောင်းအခြေပြုနှင့်ပြည်သူလူထုအခြေပြုဟူ၍နှစ်ပိုင်းခွဲ၍ထိုးနှံပေးမည်ဖြစ် ပြီးကျောင်းအခြေပြုဂျပန်ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးထိုးနှံခြင်းကို နိုဝင်ဘာ(၁၅)ရက်မှ (၂၃)ရက်အထိ မိုးကောင်းမြို့နယ်အတွင်းရှိကျောင်းများမှကျောင်းသားသူ(၂၈၅၃၉)ဦးအားထိုးနှံပေးမည်ဖြစ်ကာပြည်သူလူထုအခြေပြုကျောင်းမနေသေးသော(၅)နှစ်အောက် ကလေးငယ်(၁၁၆၄၆)ဦးကို ဒီဇင်ဘာလ(၁၁)ရက်မှ(၂၀)ရက် တွင်စုရပ်၌အပြီးထိုးနှံသွားမည်ဖြစ်သည်။

  • ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းကိုနိုဝင်ဘာ(၁၅)ရက်နေ့မှယနေ့ထိကျောင်း(၁၃)ကျောင်းရှိ ကျောင်းသား/သူ(၃၄၀၀)ကျော်ကိုထိုးနှံပေးပြီးဖြစ်ကာအထက(၁)တွင်ယနေ့ကျောင်းသား/သူ(၁၈၄၇)ဦးကိုထိုးနှံပေးခဲ့ ကြောင်းသိရသည်။

  • "ကလေးတွေကိုဆေးထိုးပြီးရင်နာရီဝက်နားခိုင်းထားပါတယ်။ဆေးဘေးထွက်ဆိုးကျိုးဖြစ်တာမရှိပါဘူး"ဟု
  • ထ(၁)ကျောင်းအုပ်ဆရာမကြီးဒေါ်တင်လှမှပြောသည်။

  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ခန့်မှန်းချက်အရဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားလေ့ရှိသောအရှေ့တောင်အာရှနှင့်အနောက်ပစိဖိတ်ဒေသတို့ရှိနိုင်ငံပေါင်း(၂၄)နိုင်ငံတွင်ရောဂါဖြစ်ပွားမှုနှုန်းသည် လူဦးရေ(၁)သိန်း တွင်(၂)ဦးခန့်ဖြစ်ပြီး နှစ်စဉ်ရောဂါဖြစ်ပွားသူ အယောက် (၆၈၀၀၀)ခန့်နှင့်သေဆုံးသူ အယောက်(၂၀၄၀၀) ခန့်ရှိ သည်ဟုသိရသည်။

ချိုမောင်










Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ