လူကုန်ကူးခြင်း မခံရစေရန်ကျောင်းသူ၊ကျောင်းသားများကို အသိပညာပေး ဟောပြောပွဲပြုလုပ်
လူကုန်ကူးခြင်း မခံရစေရန်ကျောင်းသူ၊ကျောင်းသားများကို
အသိပညာပေး ဟောပြောပွဲပြုလုပ်
အသိပညာပေး ဟောပြောပွဲပြုလုပ်
EPN
မြစ်ကြီးနား နိုဝင်ဘာ ၁၄
- လူကုန်ကူးခံရသူများတွင် ကျောင်းသူ၊ကျောင်းသားများ ပါဝင်နေသောကြောင့်စာသင်ကျောင်းများတွင် လူကုန်ကူးခြင်း မခံရစေရန် အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု၁၂ မြစ်ကြီးနားမှ သိရသည်။
- မြစ်ကြီးနားမြို့နယ် ၊ရှဒေါင်ကျေးရွာရှိ အလကကျောင်းခန်းမ၌ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စုမှ ရဲအုပ်လှိုင်စိုးဦးစီး၍ မြစ်ကြီးနားခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် ပူးပေါင်း၍ အဆိုပါကျောင်းမှ ကျောင်းသူ/သား များကို လူကုန်ကူးမှု့မခံရစေရန် ကြိုတင်ကာကွယ်မှု့အဖြစ် နိုဝင်ဘာ၁၄ရက်က ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
- ``လူကုန်ကူးမှု ဖြစ်ပွားခဲ့တဲ့ လူတွေထဲမှာ သာမာန်အရပ်သားတွေအပြင် ကျောင်းသူ၊ကျောင်းသားတွေလည်း ပါခဲ့ဘူးလို့ ကျောင်းတွေမှာလဲ လိုက်ပြီးဟောပြောပွဲတွေ ပြုလုပ်ပေးနေတာပါ´´ဟု ရဲအုပ်လှိုင်စိုးကပြောသည်။
- အဆိုပါ အသိပညာပေးဟောပြောပွဲများကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျောင်းများ စစ်ရှောင်စခန်းများ၊ရပ်ကွက်နေ ပြည်သူများကို လစဉ်ပြုလုပ်ပေးနေကြောင်း သိရသည်။
- ရှဒေါင်ကျေးရွာ အလကကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ချစ်နှင့် ဆရာ၊ဆရာမများ ကျောင်းသူ၊ကျောင်းသား၂၀၀ခန့်ကိုလူကုန်ကူးသူ လူပွဲစားများ၏ စည်းရုံးပုံနည်းလမ်းများ ဖြစ်ပွားခဲ့သော လူကုန်ကူးမှု မှုခင်းဖြစ်စဉ်များ ရွေ့ပြောင်းသွားလာခြင်းမှ လူကုန်ကူးမှု ဖြစ်ပေါ်လာပုံနှင့် လူကုန်ကူးမှုအကြောင်း ဥပဒေဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း ရဲအုပ်လှိုင်စိုးကပြောသည်။
မီးမီ;






Comments
Post a Comment