စွန့်စားရှာဖွေ နည်းလမ်းတွေ
စွန့်စားရှာဖွေ
နည်းလမ်းတွေ
EPN အင်တာဗျူး
ချိုမောင်
ဆက်သွယ်မေးမြန်းသည်။
- ဝယ်ယူသုံးစွဲသူလဲကောင်းရမယ် တာရှည်လဲခိုင်ခံ့ရမယ် အလုပ်သဘောကိုအခြေခံရမယ် စီးပွားရေး ကိုအခြေမခံရဘူး ဟူသောသင်ဆရာ၏ဆုံးမစကားကိုမြေဝယ်မကျနာခံကာရည်ရွယ်ချက်ကောင်းဖြင့် နယ်မြေ ဒေသသစ်တွင်စွန့်စားစီးပွားရေးလာရောက်ရှာဖွေနေသူတစ်ဦးကို EPNမှသွားရောက်တွေ့ဆုံဖြစ်သည်။
- အသားညိုညိုဝဝဖိုင့်ဖိုင့်ဖြင့်စကားကိုဖြည်းဖြည်းမှန်မှန်ပြောသွားသောစကားများတွင်လက်ဦးဆရာကိုအလွန်လေးစားသူဖြစ်ကြောင်းတွေ့ရသည်။
- ထိုသူမှာကချင်ပြည်နယ်မိုးကောင်းမြို့ကျွန်းတောရပ်တွင်မြေနေရာငှား၍"ရွှေမင်းသား"အမည်ဖြင့်
- ကွန်ကရစ်ကျောက်ဂွေလမ်းတံတားပြွန်လုပ်ငန်းကိုလာရောက်လုပ်ကိုင်နေသူစစ်ကိုင်းတိုင်းဒေသကြီးရေဦးမြို့နယ်မှ ဦးဘိုသန်းဖြစ်သည်။
မေး။ဘယ်လိုကနေပြီးဒီပညာသင်ဖြစ်သွားလဲဆိုတာနဲ့သင်ဆရာရဲ့အကြောင်းလေးပြောပြနိုင်မလားဗျ
- ဖြေ။ ကျွန်တော်ကစစ်ကိုင်းတိုင်းဒေသကြီးရေဦးမြို့သားပါ အရင်ကတောင်သူဖြစ်ပြီးတောင်သူ လုပ်ငန်းက ပင်ပန်းတာနဲ့အခြားလုပ်ငန်းရှာနေတုံးဆရာနဲ့တွေ့ပြီးဆရာ့ထံတပည့်အဖြစ်နဲ့စစ်ကိုင်းတိုင်းဒေသကြီးကောလင်း ပင်လယ်ဘူးမြို့တွေမှာ ၇နှစ်လောက်တပည့်ခံနေခဲ့ပါတယ်။ ဆရာကသံဖြူ ဇရပ်သားဖြစ်ပါတယ်ထိုင်းနိုင်ငံမှာ ဒီလုပ်ငန်းကိုနှစ်ရှည်လများလုပ်ကိုင်ခဲ့ပြီးပြန်လာတော့စစ်ကိုင်းတိုင်းဒေသကြီးကောလင်း မြို့မှာ"ရွှေမင်းသား" အမည်နဲ့လုပ်ငန်းစတာအောင်မြင်ပါတယ်။ ရွှေမင်းသားဦးကံဆိုတော်တော်များများသိကြပါတယ် ဘာလို့လဲဆို တော့လုပ်ငန်းကရသမျှအမြတ်ကိုပြန်လှူ နေတာမြို့မှာအများဆုံးလှူ နိုင်သူစာရင်းတောင်ဝင်ပါတယ်။
မေး။ လက်ရှိလုပ်ငန်းအခြေအနေလေးသိပါရစေ။
- ဖြေ။ တစ်နှစ်မှာဆယ့်နှစ်လရာသီလုံးဖြစ်တဲ့လုပ်ငန်းတော့မဟုတ်ပါဘူး။အလွန်ဆုံးလေးလအလုပ်လုပ်ပြီး မိုးတွင်းနဲ့ဆောင်းတွင်းမှာတော့လုပ်ငန်းအတွက်ကြိုတင်ပြင်ဆင်ရပါတယ်။ရေတွင်းဂွေကတော့ဒီမှာဘုံဘိုင်တို့ အဝီစိ တွင်းတို့ဘဲအသုံးများတော့တစ်နှစ်တစ်တွင်းတောင်မတူးရပါဘူးအဓိကရောင်းရတာကတော့လမ်းတံ တားပြွန် ရယ် စည်းရိုးတိုင်ရယ် ကျင်တွယ်ခုံရယ်အိမ်သာဂွေဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်ပါတယ်။ဆရာကထိုင်း နိုင်ငံမှာလုပ်ခဲ့တဲ့လုပ်ငန်းဖြစ်လို့ခုလုပ်နေတဲ့နည်းကထိုင်းကနည်းပညာအတိုင်းဖြစ်ပါတယ်အချိုးအစားအစပ်က ပန်းရံနည်းပညာနဲ့ လုံးဝကွဲပြားပါတယ်ဒါကြောင့်ကျနော့ကျောက်ဂွေတွေကိုတစ်မိုင်ထိအလှိမ့်ခံနိုင်ပါတယ် လို့အာမခံနဲ့ရောင်းပါတယ်ပစ္စည်းခိုပြီးလုပ်တတ်ပေမဲ့သုံးစွဲသူတာရှည်ခံအောင်လိုအပ်တဲ့အချိုးအဆကိုအပြည့် သုံးထားတော့အခြားသူတွေထက်ဈေးပိုနေတာပါပဲ သို့သော်လည်းပစ္စည်းကောင်းသုံးသူတွေ သုံးဖူးသူတွေက တော့လာကြပါတယ် လုပ်ငန်းပြယုဒ်ကကြီးမားနေပေမဲ့ မြေငှားခရယ်အခွန်အခတွေနှုတ်လိုက်တော့ လုပ်ငန်း သက်၂နှစ်ကျော်မှာတစ်နှစ်ကိုဆယ်ပိုင်းအောက်ဘဲပိုပါတယ်ကျောက်ဂွေကတစ်နှစ်ကိုအလုံး၄၀၀လောက်ရောင်းရပြီးဂွေအနိမ့်ဆုံးဈေးဆိုတစ်လုံးကျပ်၃၀၀၀၀ခန့်ရှိပြီးအိမ်သာအတွက်ဆိုတူးတာချတာဝန်ဆောင်မှုအပြီး၄၅၀၀၀ကျပ်ယူပါတယ်။
မေး။ ဒီအလုပ်မှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့အဓိကအခက်အခဲကဘာများဖြစ်မလဲ။
- ဖြေ။ မြို့အနေနဲ့ကစီးပွားရေးသိပ်မကောင်းတော့ပစ္စည်းကောင်းသုံးနိုင်သူ၃၀ရာနှုန်းလောက်ပဲရှိပါတယ် ဈေးပေါတဲ့ပစ္စည်းတွေသုံးမိပြီးခဏလေးနဲ့ပျက်လို့လာတိုင်ပင်ပြီးဒီကပစ္စည်းဝယ်သုံးတာလဲမကြာခဏတွေ့ရပါ တယ်အခွန်ဆောင်ပြီးတရားဝင်လုပ်သူက၃ဦးခန့်သာရှိပြီးလိုင်စင်မဲ့လုပ်နေသူတွေကရှိနေတော့ပစ္စည်းကောင်း မွန်မှု ခိုင်ခံ့မှုအာမခံကိုဘဲအဓိကအားထားနေရပြီး လိုင်စင်မဲ့လုပ်ကိုင်နေသူနဲ့ဈေးချင်းမယှဉ်ပြိုင်နိုင်တာအဓိက အခက်အခဲလို့ပြောလို့ရပါတယ်။
မေး။ လုပ်ငန်းရဲ့အာမခံနိုင်ပုံလေးရှင်းပြပါလားဗျ
ဖြေ။ လုပ်ငန်းကလက်ချဉ်းသက်သက်နဲ့လုပ်တဲ့လက်မှုလုပ်ငန်းဆိုပေမဲ့လည်း
သဲတို့ကျောက်တို့ကိုဆန်ရေဆေး သလိုသန့်စင်နေအောင်ဆေးပါတယ် သဲစစ်စ်ဖြစ်အောင်လုပ်ရပါတယ်ကျောက်ပုပ်တွေပါရင်
ဖယ်ပြစ်ရပါတယ်။ ကျောက်ပုပ်တွေကဂွေကိုကွဲစေတတ်ပါတယ။်
- ဘိလပ်မြေအတုအစစ်ခွဲတတ်နားလည်တတ်ရပါတယ်အားလုံးသေချာပြီဆိုရင်လောင်းထဲမှာထည့်ပြီးသမအောင်သေချာမွှေပေးပါတယ် ။ပေးတဲ့ဈေးနှုန်းကိုမူတည်ပြီးခိုင်ခံ့မှုပိုအောင်ဆေးထည့်ရပါတယ် ဂွေတွေမှာ တော့သံပင်ထည့်သုံးတာနည်းပါတယ် ဘာလို့လဲဆိုတော့ဒီကသံပင်ကသိပ်သည်းမှုနည်းတော့နှစ်အနည်း ငယ်ကြာရင်ကြွတက်လာပြီးဂွေကိုခွဲတတ်ပါတယ်ခြံစည်းရိုးတိုင်တို့ကားနင်းမဲ့ဂွေအော်ဒါတို့ဆိုရင်တော့သံပင် ထည့်သုံးပါတယ်မွှေတဲ့စပ်တဲ့နေရာကအဓိကကျပါတယ်ဟင်းချက်သလိုပေါ့ဗျာရေများရင်ပြုပ်သလိုဖြစ်မယ် ရေနည်းရင်တူးမယ်ကပ်မယ် တစ်ပွက်ဆူဆိုရင်နူးသားနှပ်သားဘယ်လောက်နောက်တစ်ရေမီးပြင်းပြင်းနဲ့ နှပ်ရင်ဘယ်လောက် ဒီမူတည်မှုကိုယူပြီးမွှေသားနှပ်သားရသည်အထိလုပ်ရပါတယ် ဒါကြောင့်ကျနော့ပစ္စည်း တွေကိုတူထုခံနိုင်တယ်တစ်မိုင်အထိအလှိမ့်ခံနိုင်တယ်လို့အာမခံပြီးရောင်းပါတယ်။
မေး။အလုပ်သမားဘယ်နှစ်ဦးနဲ့လုပ်နေပါသလဲသိပါရစေ။
- ဖြေ။ အလုပ်သမား၃ဦးငှားထားပြီးမိသားစု ၇ဦးဝိုင်းလုပ်ဝိုင်းစားမခိုမကပ်လုပ်ရပါတယ် အလုပ်သမားတွေကို တော့ကျနော့ရွာဘက်ကဘဲခေါ်ပါတယ်ဒီနယ်ဘက်ကလူတွေကကျောက်စိမ်းခေတ်ကိုမှီနေတာဆိုတော့ဒီ လောက်ပင်ပင်ပန်းပန်းအလုပ်ကိုမလုပ်နိုင်လို့ပါ။
မေး။ အခြားဘာပြောစရာများရှိပါသေးလဲခင်ဗျာ။
- ဖြေ။မိုးကောင်းမြို့ကတစ်ချိန်ကလိုတိုးတက်ဖွံ့ဖြိုးပြီးစီးပွားရေးပြန်ကောင်းမွန်လာမယ်ဆိုရင်ပစ္စည်းကောင်းကို ငွေကုန်ရင်ပိုကုန်ပါစေ ပစ္စည်းကောင်ဖို့အဓိကပါပဲဆိုရင်တော့ကျနော့လုပ်ငန်းလဲပိုပြီးဖွံ့ဖြိုးလာမယ်ထင်ပါတယ် ဆရာ့တပည့်တော်တော်များများကချင်ပြည်နယ်မြို့တော်တော်များများမှာကွန်ကရစ်ကျောက်ဂွေ လမ်းတံတား ပြွန်လုပ်ငန်းကိုလုပ်ကိုင်နေကြသလိုအောင်မြင်မှုလဲရရှိနေပါတယ်။
- "ဟုတ်ကဲ့ခုလိုဖြေကြားပေးတာ EPN ကကျေးဇူးတင်ပါတယ်"
- "ကျနော့လုပ်ငန်းကိုခုလိုလာရောက်မေးမြန်းတာကိုကျနော်ကလဲကျေးဇူးတင်ပါတယ်။"

Comments
Post a Comment