ပြည်နယ်လုံးဆိုင်ရာရှမ်းနှစ်သစ်ကူးပွဲ၌ ရှမ်းရိုးရာသိုင်းအကပြိုင်ပွဲကို ထည့်သွင်းကျင်းပ



ပြည်နယ်လုံးဆိုင်ရာရှမ်းနှစ်သစ်ကူးပွဲ၌ ရှမ်းရိုးရာသိုင်းအကပြိုင်ပွဲကို ထည့်သွင်းကျင်းပ

EPN
ဟိုပင် နိုဝင်ဘာ ၁၉

  • ကချင်ပြည်နယ်ဟိုပင်မြို့တကွင်းကျေးရွာတောရမူလတန်းစာသင်ကျောင်းတွင်နိုဝင်ဘာလ(၁၈)ရက်မှစ၍ ကျင်းပပြုလုပ်သောရှမ်းနှစ်သစ်ကူးပွဲတော်တွင်ရှမ်းရိုးရာသိုင်းအကကိုပြိုင်ပွဲအဖြစ်ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

  • ရှမ်းလူငယ် မျိုးဆက်သစ် လေးတွေ ရိုးရာသိုင်းအကကိုမေ့မသွားအောင်ပျောက်ကွယ်မသွား အောင်လို့ပါအခုလိုပြိုင်ပွဲလုပ်ပေးလိုက်တော့သူတို့က သင်ယူလေ့လာမယ်နောက်ကိုပြိုင်ပွဲတွေမှာသည်ထက် ကောင်အောင် ကြိုးစားမယ်ဆိုတဲ့အသိစိတ်လေးတွေရှိ သွားအောင်လို့ထည့်သွင်းကျင်းပပေးတာပါ ဟု ပွဲဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူးဦးစိုင်းတင်ထွန်းကပြောသည်။

  • အဆိုပါပြိုင်ပွဲတွင်လက်သိုင်းတုတ်သိုင်းဓါးသိုင်းဟူ၍သုံးမျိုးခွဲကာတစ်မျိုးကိုကိုယ်စားပြုအဖြစ်တစ်ရွာ တစ်ယောက်သာပြိုင်ခွင့်ရပြီးဆုများချီးမြှင်းပေးသွားမည်ဟုသိရသည်။

  • ''ပြိုင်ပွဲကသုံးမျိုးဆိုတော့တစ်ရွာကိုသုံးယောက်ပြိုင်ရတယ်ဆုကလည်းပထမဆုဒုတိယဆုတတိယဆုဆိုပြီးပေးမယ်လိုသိရတယ်''ဟုပြိုင်ပွဲတွင်ပါဝင်သူစိုင်းမောင်အင်ကပြောသည်။

  • ပြိုင်ပွဲတွင်ဆုပေးနိုင်ရန်အတွက်အမှတ်ပေးဒိုင်ငါးယောက်ကြီးကြပ်ဒိုင်သုံးယောက်ဖြင့်ဖွဲ့စည်းထားပြီးကျေးရွာငါးရွာမှရှမ်းရိုးရာသိုင်းအကကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

  • ရှမ်းတိုင်းရင်းသား မျိုးနွယ်စု များစွာ နေထိုင်သည့် ကချင်ပြည်နယ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် ကျင်းပခဲ့သော်လည်းယခုအခါ ကချင်ပြည်နယ်လုံးဆိုင်ရာရှမ်းနှစ်သစ်ကူပွဲတော် အနေဖြင့်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး၊၁၉၉၃ခုနှစ်တွင် တကွင်းကျေးရွာ၌ ကျင်းပခဲ့သည့် ပြည်နယ်လုံးဆိုင်ရာရှမ်းနှစ်သစ်ကူးပွဲတော်တွင်အနယ်နယ်အရပ်ရပ်မှရှမ်းတိုင်းရင်းသားအမြောက်အများတက် ရောက်ခဲ့၍ အစည်ကားဆုံး နှစ်ဖြစ်ခဲ့ကြောင်းယခုနှစ်လည်းထို့ အတူစည်ကာကြောင်း ယင်းကျေးရွာ ဒေသခံများက ပြောသည်။

  • ရှမ်းသက္ကရာဇ်(၂၁၁၂ )ခုနှစ်မြောက် ရှမ်းနှစ်သစ်ကူး နေ့ရက်သည် နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၂ နာရီကျော်တွင် ကူးပြောင်းခဲ့ပြီး ထိုအချိန်တွင်ရှမ်းတိုင်းရင်းသားများအားလုံးရှမ်းအလံတော်အားအလေးပြုခြင်းရှမ်းတေးသီချင်းများသီဆိုခြင်းမီးပုံဝိုင်းဖွဲ့ကခုန်ကြခြင်းကောက်သစ်များစားသုံးခြင်းဖြင့်နှစ်သစ်ကိုကြိုဆိုခဲ့ကြကြောင်းသိရသည်။

  • ယင်းပွဲတော်ညတွင်ဖိတ်ကြားထာသောအခြားတိုင်းရင်းသားများနှင့် ရှမ်းမျိုးနွယ်စုများမှ ကပြဖျော်ဖြေ သီဆိုသည့်အပြင် ရှမ်းရိုးရာဗုံမောင်းတီးပြိုင်ပွဲများနှင့် ရှမ်းသိုင်းအကပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

                          ချစ်သား





Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ