(၃၈) ကြိမ်မြောက်ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယ သဒ္ဓမ္မ ပါလစာအောင်သံဃာတော်များအား ဘွဲ့လက်မှတ်ဆက်ကပ်ခြင်းနှင့်ဆွမ်းဆန်တော်လောင်းလှူ ခြင်းအခမ်းအနားကျင်းပ



(၃၈) ကြိမ်မြောက်ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယ သဒ္ဓမ္မ ပါလစာအောင်သံဃာတော်များအား ဘွဲ့လက်မှတ်ဆက်ကပ်ခြင်းနှင့်ဆွမ်းဆန်တော်လောင်းလှူ ခြင်းအခမ်းအနားကျင်းပ

EPN
မိုးကောင်း နိုဝင်ဘာ ၁

  • ပရိယတ္တိသာသနနုဂ္ဂဟဆရာတော်များအဖွဲ့မှကြီးမှူးကျင်းပသည့်(၃၈) ကြိမ်မြောက်ကချင်ပြည်နယ် လုံးဆိုင်ရာ ဝိနယ သဒ္ဓမ္မပါလစာအောင်သံဃာတော်များအားဘွဲ့လက်မှတ်ဆက်ကပ်ခြင်းနှင့်ဆွမ်းဆန်တော် လောင်းလှူ ခြင်းအခမ်းအနားကိုနိုဝင်ဘာ ၁၅ရက်နေ့ ၁၂နာရီကသာသနာ့ဗိမာန်တော်တွင်ကျင်းပရာ ရှေးဦးစွာ စာအောင်နှင့်အထူးအောင်သံဃာတော်များကိုဘွဲ့လက်မှတ်ဆက်ကပ်ခြင်းကိုကျင်းပပါသည်။

  • ကချင်ပြည်နယ်မိုးကောင်းမြို့သာသနာ့ဗိမာန်တော်တွင်အဆိုပါအခမ်းအနားကိုကျင်းပရာနမောတဿ     သုံးကြိမ်ဘုရားကန်တော့ဖွင့်လှစ်၍ဆားမှော်ကျေးရွာမြို့မကျောင်းတိုက်သံဃနာယကဗဟိုဝန်ဆောင်ဆရာတော်ဘဒ္ဒန္တသြဘာသမှဦးစွာသြဝါဒချီးမြှင့်ပါသည်။ထို့နောက်ပြည်နယ်သံဃနာယကအကျိုး တော်ဆောင်မြစ်ကြီးနားမြို့ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တကေတုမာလာမှပရိတ်သတ်များကိုငါးပါးသီလချီးမြှင့်ကာ ဆက်လက်၍စာအောင်နှင့်အထူးအောင်သံဃာတော်များအားဘွဲ့လက်မှတ်ဆက်ကပ်ခြင်းကိုဆောင်ရွက်ပါ သည်။

"နှစ်ရက်ဖြေဆိုရတဲ့ဘာသာကမြတ်စွာဘုရားချမှတ်ထားတဲ့ဝိနည်းစည်းကမ်းတွေကိုသိပြီးလိုက်နာစေလိုတဲ့ရည်ရွယ်ချက်နဲ့ပြည်နယ်တွင်းကဆရာတော်ကြီးများကဦးဆောင်ပြီးဝိနည်းဘာသာရပ်ကိုပါဠိလိုတစ်ရက်ပါဠိအနက်ဘာသာပြန်ကတစ်ရက်ဖြေဆိုစေတာဖြစ်ပါတယ်။

  • မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနားစတဲ့မြို့တွေမှာတစ်လှည့်စီကျင်းပရတာဖြစ်ပြီးလာရောက် ဖြေဆိုတဲ့ သံဃာတော်တွေဆွမ်းကွမ်းအတွက်ဒီမှာတော့ကျောင်းတိုက်၁၀ တိုက်မှာခွဲဝေနေရာချပြီးသက်ဆိုင်ရာ ကျောင်း တိုက်ဒါယိကာ /မများကအလှူ ရှင်ရှာပြီးဆွမ်းကွမ်းမကြောင့်မကျဖြစ်အောင် စီမံကြပါတယ်" ဟုတောင်ကျောင်း ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဇောတိကမှမိန့်တော်မူပါသည်။

  • အဆိုပါစာမေးပွဲကိုသံဃာတော်(၄၅၄)ပါးဝင်ရောက်ဖြေဆိုတော်မူကြပြီး(၂၉၄)ပါးတွင်ကြီး ၊လတ် ၊ငယ် မူလတန်းအထူးအောင်(၁၂)ပါးအောင်မြင်တော်မူကြကြောင်းသိရသည်။

  • "တစ်မြို့နယ်လုံးမှာရှိတဲ့ကျေးရွာပါမကျန်သိရှိအောင် နောက်အလှူ ငွေရရှိရေး စာဖြေတဲ့လုပ်ငန်းရပ် တွေမှာဆရာတော်တွေနဲ့ပူးပေါင်းဆောင်ရွက်တာရယ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုစံနစ်တကျစည်ကားသိုက် မြိုက်စွာကျင်းပနိုင်အောင်ကျနော်တို့အဖွဲ့ကဆောင်ရွက်ရပါတယ်"ဟုမြို့နယ်သာသနနုဂ္ဂဟအသင်းဒုဥက္ကဌဦးထွန်းထွန်းအောင်မှပြောပါသည်။

  • အဆိုပါအခမ်းအနားသို့ပြည်နယ်သံဃနာယကဥက္ကဌရိပ်သာကျောင်းဆရာတော်ဘဒ္ဒန္တအာစိဏ္ဏနှင့် ဆရာတော်သံဃာတော်များ စာအောင်သံဃာတော်များ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဒေါ်မြသွေးစံ အမှတ်(၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးကြီးကျော်ခိုင်ထွန်း ပြည်နယ် သာသနာရေးဦးစီးအရာရှိဦးစိုးတင့် ခရိုင်လဝကမှူးဦးကျော်ဌေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်းနှင့် ဌာန ဆိုင်ရာအရာရှိကြီးများကျောင်းသား/သူများ ယောဂီများ ဖိတ်ကြားထားသောဧည့်သည်တော်များ ၉၀၀ ဦးခန့် တက်ရောက်ပါသည်။

  • "ပညာရေးဌာနအနေနဲ့စာပေးပွဲကျင်းပရေးနဲ့ဆွမ်းဆန်တော်လောင်းလှူ ရေးမှာကျရာနေရာက ဆရာ တော်သံဃာတော်တွေကိုဦးထိပ်ထားပြီးအပင်ပန်းခံဆောင်ရွက်ပေးခဲ့ပါတယ်"ဟုပညာရေးမှူးရုံးဦးစီးအရာရှိ ဒေါ်အေးအေးနွယ်မှပြောပါသည်။
  •  
  • ထို့နောက်ရိပ်သာကျောင်းဆရာတော်ဘဒ္ဒန္တအာစိဏ္ဏမှလှူ ဒါန်းမှုအစုစုအတွက် ရေစက်ချတရားဟောကြားကာဆွမ်းဆန်တော်လောင်းလှူ ပွဲကိုဆက်လက်ကျင်းပပါသည်။

                                                                          ချိုမောင်
















Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ