ပြည်နယ်လုံးဆိုင်ရာသျှမ်းနှစ်သစ်ကူးပွဲတော်တွင်ယခင်သျှမ်းနှစ်သစ်ကူပွဲများထက်အရောင်းအဝယ်ကောင်း
ပြည်နယ်လုံးဆိုင်ရာသျှမ်းနှစ်သစ်ကူးပွဲတော်တွင်ယခင်သျှမ်းနှစ်သစ်ကူပွဲများထက်အရောင်းအဝယ်ကောင်း
EPN
ဟိုပင် နိုဝင်ဘာ ၁၈
- ဟိုပင်မြို့တကွင်းကျေးရွာရှိပြည်နယ်လုံးဆိုင်ရာသျှမ်းနှစ်သစ်ကူးပွဲတော်ကြီးတွင်ဈေးရောင်းချသူများမှာပုံမှန်နှစ်သစ်ကူးပွဲများထက်ပိုမိုအရောင်းအဝယ်ကောင်းသဖြင့် အဆင်ပြေကြကြောင်း သိရသည်။
- အဆိုပါပွဲတော်ကြီးသည်တစ်ကြိမ်နှင့်တစ်ကြိမ်နှစ်ပေါင်းများစွာကြာမြင့်ပြီးမှပြုလုပ်သောကြောင့်အထူး စည်ကားပြီးဈေးရောင်းချသူများလည်းအရောင်းအဝယ်ကောင်းကြောင်းဆိုင်ခန်းဈေးနှုန်းလည်းသက်သာသဖြင့် ဈေးရောင်းချသူများအဆင်ပြေမှုရှိကြောင်း သိရသည်။
- ''အနယ်နယ်အရပ်ရပ်ကလာကြတာဆိုတော့ ခါတိုင်းရှမ်းနှစ်သစ်ကူးပွဲထက်ပိုစည်းကားပါ တယ် ဆိုင်ခန်းခလည်း ဈေးသက်သာတယ်တစ်ခန်းကို ငါးထောင်ကျပ်ပဲရှိတယ်။ကျွန်မကအထည်ရောင်းတာအရင်နှစ် သစ်ကူးပွဲထက်ပိုရောင်းကောင်းပါတယ်''ဟု ဟိုပင်က ဈေးလာရောင်းချသူ ဒေါ်ကြူးမက ပြောသည်။
- " ကျွန်မကရှမ်းရိုးရာအဝတ်အထည်မျိုးစုံ လာရောင်းတာပါ ခုမှပွဲကစတာမဆိုးပါဘူးတော်တော် လေးရောင်းရတယ်" ဟု မြစ်ကြီးနားဝိုင်းမော်မှဈေးလာရောင်းသူနန်းပန့်ရင်ကပြောသည်။
- ။ဈေးရောင်းချသူများမှာ ဆိုင်ခန်းခနှင့် မီးသုံးစွဲခအပါအဝင် တစ်ညကို ကျပ်ခုနှစ်ထောင်နှုန်းဖြင့်စေ၊ဈေးရောင်းချသူများမှာ ဆိုင်ခန်းခနှင့် မီးသုံးစွဲခအပါအဝင် တစ်ညကို ကျပ်ခုနှစ်ထောင်နှုန်းဖြင့်ဈေးဆိုင်ခန်းတစ်ခန်းမှ နှစ်ခန်းအထိ ရောင်းချမည့်ပစ္စည်းများအပေါ်မူတည်၍ငှားရမ်းပြီးဖွင့်လှစ်ရောင်းချလျက်ရှိကြောင်းသိရသည်။
- ''မီးချောင်းတစ်ချောင်းကိုနှစ်ထောင်ကျပ်ဆိုင်ခန်းတစ်ခန်းကိုငါးထောင်ကျပ်နှုန်းနဲ့ငှားရန်းထားပေးတယ်သည်ကရတဲ့ငွေတွေကိုရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးပြီးစီးအောင်ဆောက်လုပ်ဖို့အတွက်ဖြစ်တယ်''ဟုရှမ်းစာပေ နှင့်ယဉ်ကျေးမှုအတွင်းရေးမှူးဦးစိုင်းတင်ထွန်းကပြောသည်။
- ယခင်သျှမ်းနှစ်သစ်ကူးပွဲများထက် ပစ္စည်းရောင်းအားကောင်းပြီး အမြတ်အစွန်းရရှိသည့်အတွက် အနယ်နယ် အရပ်ရပ်မှ ပြည်နယ်လုံးဆိုင်ရာသျှမ်းနှစ်သစ်ကူးပွဲတော်တွင်း ဈေးရောင်းချသူများ အဆင်ပြေမှုရှိကြောင်း သိရသည်။
ချစ်သား


Comments
Post a Comment