မိုးညှင်းမြို့တွင်အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး



မိုးညှင်းမြို့တွင်အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး
EPN
မိုးညှင်း၊ နိုဝင်ဘာ ၁၇


  •  မိုးညှင်းမြို့ ဘောဓိကုန်းကျေးရွာတွင်  စိတ်ရောဂါရှိနေသူ အမျိုးသားတစ်ဦး နေအိမ်တန်းမြေပြင် (၆)ပေခန့် အမြင့်မှ ကြိုးဆွဲချသေဆုံးမူ နိုဝင်ဘာ ၁၆ ရက်နေ့ နေ့လည် ၃နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

  • အဆိုပါသေဆုံးသူမှာ အသက်၃၃နှစ်ရှိဇော်သန်းဆိုသူဖြစ်ပြီး ယခင်ကမူးယစ်ဆေးဝါး အမှုဖြင့် ထောင်ကျကာ ဇူလိုင်၁၀ရက်နေ့ထွက်ရှိလာရာမှ ပြင်ပတွင်မူးယစ်ဆေးဝါးပြန်လည်သုံးစွဲခဲ့ကြောင်းဇနှီးဖြစ်သူ မနွဲ့မူကမှပြောသည်။  

  • ကျမကအိမ်ပတ်ဝန်းကျင်ကနာရေးကူပြီး အပြန် မှာ ဇော်သန်းကြိုးဆွဲချ သေဆုံးနေတာကိုတွေ့ ရတယ်   သူ ထောင်ကထွက်လာပြီးမူးယစ်ဆေးကိုပြန်သုံးတယ် ကျန်မာရေးမကောင်းလို့လွန်ခဲ့တဲ့(၅)လခန့် မသုံးတော့ဘဲဖြတ်လိုက်တယ် အဲဒီနောက်ပိုင်းမှာစိတ်ကြောင်နေတယ်ဟုဇော်သန်း၏ဇနီး မနွဲ့မူကရှင်းပြ သည်။  

  •           အဆိုပါဖြစ်စဉ်ကို မိုးညှင်းမြို့မရဲ စခန်း ဒုစခန်းမှူးရဲအုပ်ညွှန့်လှိုင်နှင့်ဘောဓိကုန်းရပ်ကွက်ရာ အိမ်မှူး ဦးသိန်းလင်း၊ ဟဲလုံကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်သောင်းတို့ကသွားရောက်စစ်ဆေးခဲ့ရာ ဇော်သန်း ၏နေ အိမ်ဝင်းအတွင်း စပါးကျီအနီးရှိ နေအိမ် ၏ ဆင့်တန်းတွင် ပန်းရောင်ထမိန်အားလိမ်ကျစ်၍ ချည်နှောင်ကာ ကြိုးဆွဲချသေဆုံးနေကြောင်းသိရသည်။

  • အဆိုပါဖြစ်စဉ်ကိုဓမ္မတာအတိုင်းသေဆုံးမှုဟုတ်မဟုတ်သိရှိနိုင်ရန် မိုးညှင်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (ပ)၃၉ ဖြင့်အမှုဖွင့်ကာ ဆက်လက်စုံစမ်းနေကြောင်းသိရသည်။
                                                    သီဟ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ