သျှမ်းသက္ကရာဇ်(၂၁၁၂)ခုနှစ်တွင်ကျရောက်မည့်သျှမ်းနှစ်သစ်ကို(တကွင်း)ကျေးရွာတွင်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်



သျှမ်းသက္ကရာဇ်(၂၁၁၂)ခုနှစ်တွင်ကျရောက်မည့်သျှမ်းနှစ်သစ်ကို(တကွင်း)ကျေးရွာတွင်စည်ကားသိုက်မြိုက်စွာ
ကျင်းပမည်

 EPN
ဟိုပင် နိုဝင်ဘာ ၁၅

  • သျှမ်းသက္ကရာဇ်(၂၁၁၂)ခုနှစ်တွင်ကျရောက်မည့်သျှမ်းနှစ်သစ်ကဟိုပင်မြို့တကွင်းကျေးရွာတောရမူလတန်းစာသင်ကျောင်းတွင်ပြည်နယ်လုံးဆိုင်ရာသျှမ်းနှစ်သစ်ကူးပွဲတော်အနေဖြင့်စည်ကားသိုက်မြိုက်စွာကျင်းပပြီးနှစ်သစ်ကိုကြိုဆိုသွားမည်ဟုသိရသည်။

  • သျှမ်းတိုင်းရင်းသားများ၏သက္ကရာဇ်တွင်နှစ်ဟောင်းကုန်ဆုံးသွားပြီးနှစ်သစ်ရောက်ရှိလာတော့မည်ဖြစ် သောကြောင့်သျှမ်းတိုင်းရင်းသားများအားလုံးနှစ်သစ်မှာကျန်းမာပျော်ရွှင်စွာဖြင့်ဖြတ်သန်းနိုင်ရန်ယခုလိုပျော်ပွဲရွှင်ပွဲများဖြင့်ကြိုဆိုရခြင်းဖြစ်သည်ဟုသိရသည်။

  • အနယ်နယ်အရပ်ရပ်မှမိတ်ဆွေများကိုအတူတကွလာရောက်ပါဝင်ဆင်နွဲကြရန်တကွင်းရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကဖိတ်ခေါ်ထားကြောင်းသိရသည်။

  • ''အတူတကွသျှမ်းနှစ်သစ်ကိုကြိုဆိုရအောင်ခရီးလွန်နေသူများလည်းပွဲရောက်ရင်ပြန်လာကြပါစိတ်သစ်လူသစ်ဖြစ်ပြီးတော့နှစ်သစ်မှာအစစအရာရာတိုးတက်အောင်မြင်အောင်ပွဲတော်ကိုလာပြီးပါဝင်ကြပါ"ဟုရှမ်းစာ ပေနှင့်ယဉ်ကျေးမှုအတွင်းရေးမှူးဦးစိုင်းတင်ထွန်းကဖိတ်ခေါ်ထားကြောင်းပြောသည်။

  • သျှမ်းနှစ်သစ်ကူးပွဲတော်ရက်နီးကပ်လာသည်နှင့်အမျှပွဲဖြစ်မြောက်ရေးစီစဉ်သူများနေ့မအားညမနားကြိုးစားဆောင်ရွက်နေကြပြီးရပ်ဝေးမှလာရောက်ကာရှမ်းရိုးရာဝတ်စုံများကိုလည်းရောင်းချမှုများပြုလုပ်နေကြပြီဖြစ် ကြောင်းသိရသည်။ပွဲတော်တွင်သျှမ်းတိုင်းရင်းသားများသာမကကချင်ပြည်နယ်အတွင်းရှိကချင်၊ကရင၊်ရခိုင်နှင့် ရှမ်းနီအစရှိသည့်တိုင်းရင်းသားများကိုပါဖိတ်ကြားသွားမည်ဟုသိရသည်။

  • ''တိုင်းရင်းသားအားလုံးချစ်ချစ်ခင်ခင်နဲ့ရှေ့ဆက်လက်တွဲသွားကြမယ်သူ့ရိုးရာကိုယ့်ရိုးရာလေးတွေကိုလည်းမြင်ဘူးအောင်သူ့ပွဲကိုယ့်ပွဲဝင်ထွက်သွားလာကြပြီးရင်းနှီးမှုရှိအောင်လိုဖိတ်ခေါ်လိုက်တာပါ''ဟုရှမ်းစာပေ နှင့်ယဉ်ကျေးမှုဥက္ကဌဦးစိုင်းစိန်မောင်ကပြောသည်။

  • အဆိုပါသျှမ်းနှစ်သစ်ကူးပွဲတော်ကို(၁၉၉၃)ခုနှစ်တွင်ပထမအကြိမ်ပြုလုပ်ခဲ့ပြီးယခုအခါဒုတိယအကြိမ် မြောက်ဖြစ်ကာနိုဝင်ဘာ(၁၈)ရက်မှ(၂၀)ရက်ထိသုံးရက်တိုင်တိုင်ပြုလုပ်သွားမည်ဟုသိရသည်။

                                                            ချစ်သား

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ