ဗဟိုစာရင်းအင်းအဖွဲ့၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များလုပ်ငန်း အခြေအနေကို ရှင်းလင်းပွဲပြုလုပ်



ဗဟိုစာရင်းအင်းအဖွဲ့၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များလုပ်ငန်း အခြေအနေကို ရှင်းလင်းပွဲပြုလုပ်     

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ၁၄

  • အဆိုပါပွဲ၌ ကချင်ပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့၏ ရှေ့ဆက်လုပ်ဆောင်မည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု  လုပ်ငန်းစဉ် ၁၇ချက်ကို ရှင်းပြခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။
  • စာရင်းအင်းများ ဖွံ့ဖြိုးကောင်းမွန်စေရန် လှုမှုရေး ၊စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်စသည့် အချက်၃ချက်ကိုအခြေခံထား၍အစိုးရအဖွဲ့များ၊ပုဂ္ဂလိကကဏ္ဍ၊အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊အလှုရှင်အသိုင်းအဝိုင်းများ ပူးပေါင်းကူညီဆောင်ရွက်ရန်လိုကြောင်း ပြောသည်။

  • ``အမျိုးသား စာရင်းအင်းစနစ်အရစာရင်းအင်းအချက်အလက်များ ပိုမိုကောင်းမွန်လေလေ လူနေမှုဘဝပိုမိုမြင့်မားလေ ဖြစ်ပါတယ် ရပ်ကျေးစနစ်ကစပြီးမှန်ကန်ရမယ် သူတို့မှန်မှမြို့နယ်တွေနဲ့ အဆင့်ဆင့်မှာ မှန်ကန်လာမယ် ´´ဟု ဗဟိုစာရင်းအင်း အဖွဲ့မှ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာဝါဝါမောင်က ပြောသည်။
  • ဗဟိုစာရင်းအင်းအဖွဲ့သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိပြီး သက်ဆိုင်ရာ ဌာနအသီးသီးကို လိုအပ်သည့် အချက်အလက်များ ကူညီပံပိုးမှုပေးမည်ဖြစ်ကြောင်း သိရသည်။
  • ``နိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးမှာ စာရင်းအင်းဆိုတာ အင်မတန်မှ အရေးကြီးပါတယ် ၊ စာရင်းအင်း အချက်အလက် မပါဘဲ ထမင်းတောင်ချက်လို့မရပါဘူး ကျွန်တော်တို့နိုင်ငံရဲ့ အတိုင်းအတာနဲ့ စာရင်းအင်း အချက်အလက် မှန်ဖို့အရေးကြီးပါတယ်´´ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ်  ဒေါက်တာခက်အောင် ကပြောသည်။
  • အဆိုပါ အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်မှ အဖွင့်အမှာစကား နှင့်ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး သူရမျိုးတင်၊ ကချင်ပြည်နယ်ဥပဒေချုပ်၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများကချင်ပြည်နယ်ရဲမှုးကြီးဇော်ခင်အောင်၊ဌာနဆိုင်ရာပေါင်း ၃၀ကျော်နှင့် လူဦးရေ  ၁၀၀ကျော်၊ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှစ်ထပ်အစည်းအဝေးခန်းမဆောင် အသစ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်တွင် နိုဝင်ဘာ ၁၄ရက်နေ့ နံနက်၉ နာရီက ပြုလုပ်ခဲ့သည်။
                                                                           မီးမီး



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ