နှစ်လောင်းပြိုင် လူသတ်မှု တစ်လ ကြာသော်လည်း တရားခံ မမိသေး



နှစ်လောင်းပြိုင် လူသတ်မှု တစ်လ ကြာသော်လည်း  တရားခံ မမိသေး

EPN
မြစ်ကြီးနား နိုဝင်ဘာ ၁၃

  • မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့်  နှစ်လောင်းပြိုင် လူသတ်မှု ယနေ့ တစ်လပြည့်သော်လည်း တရားခံမမိသေးကြောင်း မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းမှ သိရသည်။

  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက် နယ်မြေ၄ တောင်သူကြီးလမ်း အမှတ် ၄၁၄တွင် အောက်တိုဘာ၁၃ရက် ညနေ ၄နာရီ ကျော်အချိန် အဆိုပါအိမ်တွင် နေထိုင်သော  ဒေါ်ခင်မြင့်၇၅နှစ်( ဓားထိုး သွင်းဒဏ်ရာ၁၃ချက်နှင့်) ဒေါ်ခင်မြင့်၏သမီး ဒေါ်ခင်စန်းရီ ၅၁နှစ်မှာ (ဓားထိုးသွင်းဒဏ်ရာ ၆ချက်ဖြင့်) ၎င်းတို့ အိမ်ထဲရှိ မီးဖို​ချောင်​ဘေး ရေချိုးခန်းအတွင် အသတ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

  • ``တရားခံကတော့ လောလောဆည် စုံစမ်းဖော်ထုတ်ဆဲပါပဲ ထူးခြားမှု မရှိသေးသလို ခေါ်ယူစစ် ဆေးနေသူ မသကာင်္ တရားခံလည်း အခုမရှိပါဘူး´´ဟု နယ်မြေရဲစခန်းမှ စခန်းမှုး ဒုရဲမှုးသိန်းဇော်က ပြောသည်။

  • အောက်တိုဘာ ၁၆ရက်က တရားလို ဦးမြင့်ဦး၏ ကုန်စုံဆိုင်မှ အလုပ်သမား အောင်မြင့်ထွန်းနှင့် အခင်း ဖြစ်ပွားရာနေအိမ်တွင် အိမ်ဌားနေထိုင်သူ သေဆုံးသူများကိုစတင်တွေ့ရှိသူ မယဉ်မော်တို့ကို မသင်္ကာ၍ တရား သူကြီးထံ ချုပ်မိန့်ရမာန်တောင်းပြီး စစ်ဆေးခဲ့သော်လည်း ယခုအချိန်တွင် မသင်္ကာစရာ အကြောင်းအရင်း ရှာမ တွေ့သောကြောင့် ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ဒုရဲမှုးသိန်းဇော်ကပြောသည်။

  • ``တာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုကလည်း သိပ်မထူးခြားသေးဘူးထင်တယ် အခုအချိန်ထိ အတိ အကျမသိရသေးပါဘူး´´ဟု ၎င်းတို့၏  မိသားစုဝင်တစ်ဦးကပြောသည်။

  • အခင်းဖြစ်ပွားချိန်သည် မိုးရွာ နေပြီး ပတ်ဝန်းကျင်မှတိတ်ဆိတ်မှု့၊ အိမ်တွင် အစောင့်အရှောက် နည်း ပါးခြင်းနှင့် အမျိုးသမီးများသာ ရှိနေသည်ကို အခွင့်ကောင်းယူ၍ ပြစ်မှုကျုးလွန်သူမှ ဓားဖြင့် အချက်ပေါင်း များစွာ ထိုးခြင်းဖြစ်ပြီး  သေဆုံးသူများကို စတင်တွေ့ရှိချိန်တွင် ဧည့်ခန်းထဲရှိ TVကို အသံကျယ်၍ ဖွင့်လှစ်ထားသည်ဟု သိရပြီး ယင်းအိမ်တွင် အသတ်ခံရသူ ဒေါ်ခင်မြင့်နှင့် သမီးဒေါ်ခင်စန်းရီ၊သားဖြစ်သူ ဦးမြင့်ဦးတို့ မိသားစုဝင် ၃ဦး နေထိုင်ကြပြီး အဆိုပါအိမ်၏ နောက်ဖေးဘက်တွင် အိမ်ဌားနေထိုင်သူ မယာဉ်မော်နှင့်သူ၏ အမေတို့နေထိုင်ကြ ကြောင်း သိရသည်။

  • အဆိုပါဖြစ်စဉ်ကို နယ်မြေရဲစခန်းတွင် အမှုအမှတ်.(ပ)၂၁၅/၂၀၁၇ ၊ ဥပဒေပုဒ်မ(၃၀၂)လူသတ်မှုအရ ဒေါ်ခင်မြင့်၏သားဖြစ်သူ ဦးမြင့်ဦးမှတရားလိုပြုလုပ်၍ အမှုစစ် စခန်းမှုး ဒုရဲမှုး သိန်းဇော်နှင့် နယ်မြေစခန်းမှ ဒုရဲအုပ်များ ပူးပေါင်း၍ တရားခံ ပေါ်ပေါက်စေရန် စုံစမ်းလျှက်ရှိသော်လည်း တစ်လပြည့်လာသည်အထိ ထူးခြားမှု့ မရှိသေးကြောင်း သိရသည်။


                                                                             မီးမီး




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ