“မိုးညှင်းမြို့တွင်အမိုနီယမ်နိုက်ထရိတ်သယ်ဆောင်သူကိုတပ်မတော်ကဖမ်းဆီး”

“မိုးညှင်းမြို့တွင်အမိုနီယမ်နိုက်ထရိတ်သယ်ဆောင်သူကိုတပ်မတော်ကဖမ်းဆီး” 
 
EPN
မိုးညှင်း နိုဝင်ဘာ ၁၂

  • မိုးညှင်းမြို့ရှိအမှတ်(၉၀၄)အမြောက်စစ်ဆင်ရေးကွက်ကဲရေးမှုးရုံးချုပ်ရှေ့ ပြည်ထောင်စုကားလမ်းမကြီးတွင် အမိုနီယမ်နိုက်ထရိတ်များ ကားဖြင့် သယ်ဆောင်သူကို နိုဝင်ဘာလ(၁၁)ရက်နေ့  မနက်(၇)နာရီအချိန်က  တပ်မတော်ကဖမ်းဆီးလိုက်ကြောင်းမိုးညှင်း မြို့မရဲစခန်း ဒုစခန်းမှူးကပြောသည်။
  •  မစခ အမှတ်(၉၀၄) တပ်မတော်ရုံးရှေ့က ပြည်ထောင်စုကားလမ်းမကြီးမှာလုံခြုံရေးအရစစ်ဆေးတာတွေရှိတယ် အခု အမိုနီယမ်နိုက်ထရိတ်တွေတင်လာတဲ့ကုန်ပစ္စည်းတင်တဲ့သူတွေကိုစစ်ဆေးတဲ့အခါ ပစ္စည်းဘောက်ချာတွေအထဲကဘောက်ချာတစ်ခုမှာမင်္သကာစရာရေးထားတာကိုတွေ့ရတယ်ဒါနဲ့ကုန်ပစ္စည်းတွေအောက်မှာရှာဖွေကြည့်တော့မှာတရားမ၀င်အမိုနီယမ်နိုက်ထရိတ်အိတ်တွေကို တွေ့ရလို့တပ်မတော်ကဖမ်းဆီးခဲ့တာပါဟုမိုးညှင်းမြို့မရဲစခန်းဒုစခန်းမှူးရဲအုပ်ညွှန်လှိုင်ကပြောသည်။

  • အဆိုပါဖမ်းဆီးခဲ့သော အမှတ် 6B/2814  UD-NISSAN (၁၀)ဘီး ကား ကို စစ်ကိုင်းတိုင်းဒေသကြီးထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာနေ အသက်၂၆နှစ်ရှိ အောင်မျိုးထွေးက မန္တလေးမှ ဖားကန့်ဒေသ ဘက်သို့မောင်းနင်ခဲ့ပြီး ကားပေါ်တွင်မန္တလေးတိုင်းဒေသကြီးပြည်ကြီးတံခွန် မြို့နယ်စက်မှု(၁)ရပ်ကွက်“ဒဒ”ရပ်ကွက်နေအသက်(၁၉)နှစ်ရှိဇော်မိုးအောင်တို့လိုက်ပါခဲ့ကြောင်းသိရသည်။
  •  တပ်မတော်လုံခြုံရေးအဖွဲ့ကရှာဖွေခဲ့စဉ်ကားအပေါ်ရှိကုန်စုံပစ္စည်းများအောက်တွင်ရွှေသရဖူဆပ်ပြာတံဆိပ်ပါစက္ကူဖာများ ဖြင့်ထည့်သွင်းထားသောတရုတ်စာတမ်းပါ တရားအမိုနီယမ်နိုက်ထရိတ်အလေးချိန်ကီိလို(၄၀)ခန့်ပါ အိတ်ပေါင်း(၇၅)အိတ် စုစုပေါင်းအလေးချိန်(၃၀၀၀)ကီလိုဂရမ်ခန့်အားတွေရှိသဖြင့်ဖမ်းဆီးခဲ့ရကြောင်း သိရသည်
  • အဆိုပါ အမိုနီယမ်နိုက်ထရိတ်များမှာ ဖောက်ခွဲရေးပစ္စည်းများတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းဖြစ်သဖြင့် လုံခြုံရေးအရဖမ်းဆီးခဲ့ပြီး မော်ဟန်ကျေးရွာရှိယမ်းတိုက်အတွင်း၌လုံခြုံရေးအဖွဲ့မှ သိမ်းဆည်းထားခဲ့ကြောင်းသိရသည်
  • တရားမ၀င်အမိုနီယမ်နိုက်ထရိတ်အိတ်များကိုသယ်ဆောင်လာသဖြင့်ဖမ်းဆီးခဲ့သောအမှုမှာ၂၀၁၇ ခုနှစ်အတွင်း (၈)မှုရှိနေပြီဖြစ်ကြောင်းမိုးညှင်းမြို့မရဲစခန်းကသိရသည်။
  •   မန္တလေးမှဖားကန့်သို့လိုင်စင်မရှိဘဲရောင်းချရန်သယ်ဆောင်လာခဲ့သူ  အောင်မျိုးထွေးနှင့် ဇော်မိုးအောင်တို့နှစ်ဦးအား (ပ)၁၆၉ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေပုဒ်မ -၃၇/၃၈ဖြင့် မစခ(၉၀၄)ဗိုလ်ကြီး သိန်းစိုးမှတရားလိုပြုလုပ်ကာ မိုးညှင်းမြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်းသိရသည်
                                                       သီဟ


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ