ပြန်ကြားရေးဝန်ကြီးဌာနမှ(၉၇)နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ်ပြိုင်ပွဲကျင်းပပြုလုပ်

ပြန်ကြားရေးဝန်ကြီးဌာနမှ(၉၇)နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ်ပြိုင်ပွဲကျင်းပပြုလုပ်
EPN
မိုးကောင်း နိုဝင်ဘာ ၁၁

  • မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးမှဦးစီး၍ (၉၇)နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ်ဆေးရောင်ခြယ် စာစီစာကုံး နှင့်ပန်းချီပြိုင်ပွဲကိုကျင်းပပါသည်။

  • ကချင်ပြည်နယ်မိုးကောင်းမြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင် နိုဝင်ဘာ ၁၁ရက်နံနက် ၉နာရီခွဲကအမျိုးသားနေ့အထိမ်းအမှတ်ဆေးရောင်ခြယ် စာစီစာကုံး နှင့်ပန်းချီပြိုင်ပွဲကိုကျင်းပရာဆေးရောင်ခြယ် ပြိုင်ပွဲတွင်KGတန်းကလေးငယ်(၄၅)ဦး မူလတန်းဆင့်ပန်းချီပြိုင်ပွဲတွင်"အမျိုးသားနေ့အောင်ပွဲတို့ဆင်နွှဲခေါင်းစဉ်ဖြင့်"မူလတန်းကလေးငယ်(၁၉)ဦး အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင်"ကျွန်ုပ်တို့မမေ့အပ်သောအမျိုးသားနေ့"ခေါင်းစဉ်ဖြင့်အလယ်တန်းကျောင်းသား/သူ(၅၇)ဦးပါဝင်ယှဉ်ပြိုင်ကြသည်။ 
  •  
  • "ပြိုင်ပွဲကတော့ဗဟိုညွှန်ကြားချက်နဲ့လုပ်ပေးတာဖြစ်ပြီးစာစစ်ပေးမှာကတော့မြန်မာစာဆရာမကြီးဒေါ်စန်းစန်းရီခေါင်းဆောင်တဲ့အဖွဲ့ကစစ်ပေးမှာပါ"ဟုမြို့နယ်ပြန်/ဆက်ဦးစီးမှူးဦးလိန်းမာန်မှပြောပါသည်။
 ပြိုင်ပွဲအပြီး၌မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှပြိုင်ပွဲဝင်ကလေးငယ်များကိုမုန့်နှင့်အချိုရည်ဗူးများဝေငှပါသည်။
ပြိုင်ပွဲမှဆုရရှိသူများကိုနိုဝင်ဘာ၁၂ရက်နေ့နံနက်ပိုင်းတွင်မြို့နယ်ပြန်/ဆက်ရုံး၌ကျင်းပမည့ှ်(၉၇)နှစ်မြောက်


အမျိုးသားနေ့အောင်ပွဲအခမ်းအနားတွင်ပေးအပ်မည်ဖြစ်ကြောင်းသိရသည်
ချိုမောင်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ