ကားကြီးဝင်းအသစ်ရှိ ဆိုင်ခန်းတစ်ခန်းကို သိန်း၇၀၀ခန့်ဖြင့် ရောင်းချရန် အစိုးရအဖွဲ့သတ်မှတ်

ကားကြီးဝင်းအသစ်ရှိ ဆိုင်ခန်းတစ်ခန်းကို သိန်း၇၀၀ခန့်ဖြင့် ရောင်းချရန် အစိုးရအဖွဲ့သတ်မှတ်

EPN
မြစ်ကြီးနား နိုဝင်ဘာ ၁၀

  • မြစ်ဖျားဧရာ ယာဉ်ရပ်နားစခန်းအသစ်၏ ဆိုင်ခန်းတစ်ခန်းကို သိန်း၇၀၀ခန့်ဖြင့် ရောင်းချမည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သတ်မှတ်ပေးထားကြောင်း စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။
  • မြစ်ကြီးနားမြို့ တပ်ကုန်း ၊ ထွယ်ဆန်ရပ်ကွက်၊ရွှေလမ်းမ၊လမ်းသွယ်၁၀ရှိ  မြစ်ဖျားဧရာ ယာဉ်ရပ်နား စခန်းအသစ်၏ ၁၈ပေ ၊ပေ၃၀ ၊နှစ်ထပ်ဆိုင်ခန်းတစ်ခန်းလျှင် ၆၉.၄၅သန်းကို ၃ရစ်ပေးချေ၍ ရောင်းချမည် ဖြစ်ကြောင်း ပြောသည် ။
  • ``ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ညွှန်ကြားချက်အရ ဒီဈေးသတ်မှတ် ပေးတာပါ တစ်သက်လုံးပိုင်ဆိုင်မှု့စာအုပ်ထုတ်ပေးမယ်´´ဟု စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှုး ဦးစိုးနိုင် ကပြောသည်။
  • အဆိုပါ ယာဉ်ရပ်နားစခန်းအသစ်ကို မဉ္ဇုသာဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်ခဲ့ရာ ၁၈ပေ၊ ပေ၃၀ကျယ်သော ၂ထပ်ဆိုင်ခန်း၊အခန်းပေါင်း၇၀နှင့် တစ်ထပ်ဆိုင်ခန်း ၇ခန်း ၊လျှပ်စစ်မီး၊ ဂါလန်၁၂၀၀၀ ဆန့်ရေစင်နှင့် သန့်စင်ခန်းများ ပါရှိကြောင်း သိရသည်။
  • ``တစ်ခြားမြို့တွေထက်စာရင် တိုက်ခန်းတွေကလည်း ဈေးများတယ် မလုပ်ခင်ကတည်းက ကျွန် တော်တို့ကို ချပြခြင်းလဲမရှိခဲ့ဘူး ဂိတ်ပိုင်ရှင်တွေ အားလုံးကဒီဆိုင်ခန်းကို မဝယ်နိုင်လို့ ပြင်ပမှာပဲ ကားဂိတ် ထောင်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြသနာတွေလည်း ပိုပြီးဖြစ်ပွားလာနိုင်ပါတယ်´´ဟု ကချင်ပြည်နယ် ယာဉ်များကြီးကြပ်ရေး ကော်မတီ၏ အတွင်းရေးမှုး ဦးမျိုးမြင့်ဦးကပြောသည်။
  • သီတာရပ်ကွက်ရှိ ယာဉ်ရပ်နား စခန်းနေရာဟောင်းတွင် စုစုပေါင်း ယာဉ်လိုင်း၈၀ရှိပြီး   ပြည်နယ်တွင်း ကားဂိတ်၆၅ဂိတ်နှင့် တိုင်းနှင့်ပြည်နယ်ပြေးဆွဲသည့် ကားဂိတ်၁၅ဂိတ်ရှိသည်။
  • ``ဆိုင်ခန်းဈေးနှုန်းကို လျှော့ချပေးဖို့ကျွန်တော်တို့ ယာဉ်အသင်းတွေ အားလုံးစုပြီး ဒီတစ်ပတ်ထဲမှာပဲ သက်ဆိုင်ရာ ပြည်နယ်အစိုးရရုံးကို စာတင်သွားဖို့ ရှိပါတယ် ဟုမိုးကောင်းကင်ကားဂိတ်မှဂိတ်မှုး ဦးအောင်သူရ   ကပြောသည်။
  •  
  • ယခု သီတာရပ်ကွက်ရှိ ကားကြီးကွင်းနေရာသည်  ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မှ ၁၅နှစ်စာချုပ်သက်တမ်းဖြင့် ယာဉ်ပိုင်ရှင်များမှ ၂၀၀၅ခုနှစ်တွင်  စာချုပ်ချုပ်ထားပြီး အဆိုပါကားဂိတ်ဆိုင်ခန်းနေရာသည် စာချုပ်ပြည့်ရန်  ၃နှစ်လိုနေသေးကြောင်း ယာဉ်ပိုင်ရှင် များထံမှ သိရသည်။
  •  ``ကျွန်တော်တို့အတွက်က ဆိုင်ခန်းဝယ်ဖို့ လိုက်မမှီနိုင်တဲ့ ငွေကြေးဖြစ်နေပါတယ် ဝယ်နိုင်တဲ့အင် အားလည်း မရှိပါဘူး အခုက မဖြစ်မနေပြောင်းရွေ့ရမယ့်သဘောလား၊ပြောင်းရမယ် ဆိုရင်လည်း ကျန်ရှိနေ တဲ့၃နှစ်ကို ကျွန်တော်တို့အတွက် ဘယ်လိုပြန်လုပ်ပေးမှာလည်း ဟု ယာဉ်အသင်းပိုင်ရှင် များကပြောသည်။

  • ကချင်ပြည်နယ်၏ မငြိမ်းချမ်းမှု များကြောင့် ကားလုပ်ငန်းများမှာ ယခင်နှစ်များကထက် အဆင်မပြေမှု များ ရှိနေပြီး ပြည်နယ်အစိုးရမှ ဆိုင်ခန်း  ဈေးနှုန်းကို ယာဉ်ပိုင်ရှင်များနှင့် တွေ့ဆုံ၍ ညှိနှိုင်းပေးစေလိုကြောင်း  ယာဉ်များကြီးကြပ်ရေး ကော်မတီ၏ ဥက္ကဌ ဦးအေးဇော်ဇော်ကပြောသည်။
  • နိုဝင်ဘာ၇ရက်က သီတာရပ်ကွက်ရှိ ကားကြီးဝင်းအဟောင်းတွင် မဉ္ဇုသာ ဆောက်လုပ်ရေး ကုမ္ပဏီ မှမြစ်ဖျားဧရာ ယာဉ်ရပ်နားစခန်းတွင် ယာဉ်ဂိတ်များဖွင့်ရန်အတွက် အခန်းများကို ဦးရာစနစ်ဖြင့် ရောင်းချပေး နေပြီ ဖြစ်ပါကြောင်း အသိပေးကြေညာသော ဆိုင်းဘုတ်များကို စည်ပင်ဝန်ထမ်းများမှ လာရောက်စိုက်ထူသွား ကြောင်း သိရသည်။
                                                                 မီးမီး








Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ