မိုးကောင်းမြို့နယ် U-13 ကျောင်းပေါင်းစုံဘောလုံးလူရွေးပွဲကျင်းပ
မိုးကောင်းမြို့နယ် U-13 ကျောင်းပေါင်းစုံဘောလုံးလူရွေးပွဲကျင်းပ
EPN
မိုးကောင်း၊ အောက်တိုဘာ ၎
- ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျောင်းပေါင်းစုံ အသက် ၁၃ နှစ်အောက် ဘောလုံးပြိုင်ပွဲနှင့် လူရွေးပွဲကို မိုးကောင်းမြို့ ကျွန်းတောအလယ်တန်းကျောင်းဘောလုံးကွင်း၌ အောက်တိုဘာ ၄ရက်နေ့ နံနက်၈နာရီမှစတင်၍ တစ်ရက်လျှင်နှစ်ပွဲကျင်းပလျက်ရှိကြောင်း သိရသည်။
- လူရွေးပွဲကို အသင်း ၅ သင်းဖြစ်သည့် မိုးကောင်း က၊ မိုးကောင်း ခ၊ နမ္မတီး၊ ဆားမှော်၊ ပင်းဘော ဒေသစိတ်အသင်းများမှ အသက်၁၃နှစ်အောက် ကျောင်းသားများ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အောက်တိုဘာ ၄ရက်နေ့မှ ၈ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။
- ဘောလုံးပြိုင်ပွဲနှင့် လူရွေးပွဲကျင်းပခြင်းမှာ အောက်တိုဘာ ၁၀ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ကျင်းပမည့် ကချင်ပြည်နယ် ခရိုင်(၄)ခရိုင် U-13ကျောင်း ပေါင်းစုံဘောလုံးပြိုင်ပွဲအတွက် လူရွေးချယ်ခြင်း ဖြစ်သည်။
- "အစပိုင်းက တစ်မြို့နယ်တစ်သင်းထွက်ရမယ်ထင်တာ။ ခုကတစ်ခရိုင်မှ တစ်သင်းဘဲထွက်ရမှာ ဆိုတော့ ကျနော်တို့ မြို့နယ်က၆ဦး မိုးညှင်းနဲ့ ဖါးကန့်က၆ဦးစီနဲ့ စုစုပေါင်း(၁၈)ဦးပေါင်းပြီး မိုးညှင်းခရိုင်က တစ်သင်းထွက်မှာပါ" ဟု လူရွေးချယ်ရေးအဖွဲ့ဝင်မြို့ဦး မူလတန်းကျောင်းအုပ်ကြီးဦးရဲနိုင်က ပြောသည်။
- အဆိုပါ မိုးကောင်းမြို့နယ် ကျောင်းပေါင်းစုံ အသက်၁၃နှစ်အောက် ဘောလုံးလူရွေးပွဲ လူရွေးချယ်ခြင်းကို မြို့နယ်လက်ထောက်ပညာရေးမှူး ဦးမြင့်နွယ်ဦးစီး၍ ကြီးကြပ်လျှက်ရှိကြောင်း သိရသည်။






Comments
Post a Comment