နယ်မြေလုံခြုံရေးကိစ္စကို ပိုမိုအလေးထားဆောင်ရွက်ရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(SEA) အတွင်းရေးမှူး ပြော

နယ်မြေလုံခြုံရေးကိစ္စကို ပိုမိုအလေးထားဆောင်ရွက်ရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(SEA) အတွင်းရေးမှူး ပြော

EPN
အင်းတော်ကြီး အောက်တိုဘာ ၃
  • ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နယ်မြေလုံခြုံရေးကိစ္စကို ပိုမိုအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(SEA)မှ အတွင်းရေးမှူး  ဦးစိုင်းထွန်းရင်က ပြောသည်။
  • အဆိုပါဒေသများသည် ကေအိုင်အို/ကေအိုင်အေတို့၏ ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်း ခြင်း နှင့် ကေအိုင်အေတို့၏ ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေး အများဆုံး ချိုးဖောက်ခံနေရသော ဒေသများ ဖြစ်၍ ရပ်ရွာလုံခြုံရေးအတွက် ဌာနေပြည်သူ့စစ်များကို ယင်းသို့ မှာကြားခဲ့ခြင်းဖြစ်သည်။
  • "ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေ ခုလိုလာရောက်ပေးတဲ့အတွက် အားရှိသလို နယ်မြေ အခြေအနေတွေ တင်ပြခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်" ဟု နန့်မွန်းဌာနေပြည်သူ့စစ်စခန်းမှ ဦးညီညီက ပြောသည်။
  • အင်းတော်ကြီးဒေသ အနောက်ခြမ်း နယ်မြေအခြေအနေနှင့် ရှမ်းမျိုးနွယ်စုများ စည်းစည်းလုံးလုံး ရှိကြဖို့၊ လုံခြုံရေးကိစ္စကို ယခင်ထက် ပိုမိုဂရုစိုက်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
  • မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(SEA)မှ အတွင်းရေးမှူး ဦးစိုင်းထွန်းရင်နှင့် လူငယ်စည်းရုံးရေးမှူး  ဦးစိုင်းမျိုးသီဟ တို့သည် စက်တင်ဘာ(၃၀)ရက်မှ အောက်တိုဘာ(၂)ရက်နေ့အထိ အင်းတော်ကြီးဒေသ အနောက်ခြမ်းရှိ ဌာနေပြည်သူ့စစ်စခန်းများသို့ သွားရောက်ပြီး ပြည်သူစစ် တပ်ဖွဲ့ဝင် များ၏  ကျန်းမာရေး၊ စားဝတ်နေရေး ကိစ္စရပ်များကို  ကြည့်ရှုမေးမြန်းခဲ့ပြီး လုံခြုံရေးကိစ္စကို ယခင်ထက် ပိုမို ဂရုစိုက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
                                                     စိုင်းဆိုင်မင်း






Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ