ဟိုပင်မြို့ အောင်ချမ်းသာရပ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

ဟိုပင်မြို့ အောင်ချမ်းသာရပ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

EPN
ဟိုပင်၊ အောက်တိုဘာ ၁၃
  • ကချင်ပြည်နယ် ဟိုပင်မြို့ အောင်ချမ်းသာရပ် နယ်မြေ(၄)တွင် အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း  ဟိုပင်နယ်မြေရဲစခန်းမှ သိရသည်။
  • ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ဟိုပင်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ရှိန်းထက်ဦး ဦးစီးတပ်ဖွဲ့ဝင်များ မူးယစ်တပ်ဖွဲ့တပ်စု ၃ ဟိုပင်ဆွယ်မှ ဒုတိယရဲအုပ်အောင်ပိုင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေ(၄) အောင်ချမ်းသာရပ် ဟိုပင်မြို့ရှိ နေအိမ်တစ်အိမ်အား သတင်းပေးချက်အရ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ ကုတင်အောက်မှ 555တံဆိပ်ပါ အပြာရောင်အဖုံးဖြင့် ပိတ်ထားသော ဗူးဝအချင်း ၄ လက်မ အမြင့် ၈ လက်မရှိ ကော်ဗူးအတွင်း ကြွပ်ကြွပ်အိတ် အမဲရောင်ဖြင့် ထုတ်ထားသည့် LOVE is flower စာတမ်းပါရောင်စုံဆပ်ပြာခွက်အတွင်း ပလပ်စတစ်အကြည်ဖြင့် ထည့်ထားသော ဘိန်းဖြူ ဖြူ/ဝါကြားအမှုန့်အလေးချိန် ၈ ဂရမ်ခန့်ပါ ဆပ်ပြာခွက် ၆ ခွက် ၉ ဂရမ်ခန့်ပါ ဆပ်ပြာခွပ် ၄ ခွက် စုစုပေါင်းဆပ်ပြာခွက် ၁၀ ခွက်အတွင်း ဘိန်းဖြူမှုန့်အလေးချိန် ဂရမ်ခန့် အား ရှာဖွေတွေ့ရှိရသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
  • အဆိုပါပစ္စည်းများအား အမကကျောင်းရှေ့ နက်ကြီးကုန်းရပ် မြို့မတောင်ရပ်ကွက် နေထိုင်သူ မနန်တန်(ဘ) ဦးခေါင်ဂျေထံမှ ဝယ်ယူထားသော ပစ္စည်းများဖြစ်ကြောင်း ခေါယိန်းကပြောဆိုချက်အရ ကွင်းဆက်တရားခံအား နက်ကြီးကုန်းရပ်ရှိ ၎င်းနေထိုင်ရာအိမ်သို့ သက်သေများနှင့်အတူ သွားရောက် ဖမ်းဆီးရာ မနန်တန်မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
  • "မူးယစ်ဆေးဝါးရော့နည်းပပျောက်ရေးအတွက်  လေ့လာစောင့်ကြည့်စုံစမ်းမှုတွေ လုပ်ဆောင်နေရာ ခေါယိန်းမှာ မူးယစ်ဆေးဝါးရောင်းချနေတယ်လို့ တာဝန်သိတဲ့ ပြည်သူတစ်ယောက်က ပြောပြလို့  အမှန်တကယ် ရောင်းချနေကြောင်း သိရှိရတဲ့အတွက် မိုးညှင်းမြို့ မြို့နယ်ရဲမှူးထံ တင်ပြပြီးတော့ ရဲမှူးရဲ့ ညွှန်ကြားချက်နဲ့ နေအိမ်အတွင်းဝင်ရောက် ရှာဖွေခွင့်ဝရမ်းအမှတ်(၄၆)ဖြင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တယ် ရှေ့ဆက်ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါးရော့နည်းပပျောက်အောင် ဆက်လက် လုပ်ဆောင်သွားမှာပါ" ဟု ဒုတိယရဲအုပ်ရှိန်ထက်ဦးကပြောသည်။
  • အဆိုပါ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ခေါယိန်း ၄၀ နှစ် (ဘ)ဦးဒိန်ခေါ နှင့် ကွင်းဆက်တရားခံ မနန်တန်တို့နှစ်ဦးအား မူးယစ်(ပ)၃၇ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ပုဒ်မ ၁၅/၁၉ (က)/၂၁ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ဟိုပင်နယ်မြေရဲစခန်းမှ သတင်းရရှိသည်။
                                                               မျိုးသူရိန်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ