နောင်ကိုင်တော် ရပ်ဆိုကြမယ်/ပျော်ကြမယ်ပြိုင်ပွဲကျင်းပ
နောင်ကိုင်တော် ရပ်ဆိုကြမယ်/ပျော်ကြမယ်ပြိုင်ပွဲကျင်းပ
EPN
မိုးကောင်း၊ အောက်တိုဘာ ၎
- မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ဆုတောင်းပြည့်ရွာ နာမ်စေတီတော်ကြီးရင်ပြင်တွင် ဆိုကြမယ်/ပျော်ကြမယ် ပြိုင်ပွဲကျင်းပခဲ့သည်။
- ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ဆုတောင်းပြည့်ရွာ နာမ်စေတီတော်ကြီး၏ အောက်တိုဘာ ၄ရက် သီတင်းကျွတ် အဖိတ်နေ့ ညနေ၄နာရီတွင် မြို့တွင်းလှည့်လည် ဆက်ကပ် လှူဒါန်းမည့် ဆဌမအကြိမ်မြောက် ဆီမီး(၁၀၀၀)ပန်း (၁၀၀၀)အပူဇော်ခံလှည့်လည်ပွဲ အကြိုဧည့်ခံပွဲအဖြစ် ဆိုကြမယ်/ပျော်ကြမယ်ပြိုင်ပွဲ ကျင်းပခြင်းဖြစ်သည်။
- အဆိုပါပြိုင်ပွဲကို Level သုံးဆင့်ခွဲထားပြီး Level-1တွင် လူသစ်တန်း(၁၀)ဦး ပါဝင်ပြီးLevel-2တွင် ယမန်နှစ်က ဆုရသူများအပါ(၅)ဦးနှင့် Level-3တွင် နှစ်ကြိမ်ဆုရဘူးသူ(၃)ဦး ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
- "ရွက်ပုံးသီးအဆိုရှင်လေးတွေ ရပ်ကွက်ကတစ်ဆင့် ပြည်နယ်/တိုင်းနိုင်ငံတော်အဆင့်ထိ ထွက်ပေါ်လာပါစေဆိုတဲ့ ရည်ရွယ်ချက်ထားပါတယ်။ ပရိတ်သတ်ထဲ ရဲရဲဝံ့ဝံ့သီဆိုနိုင်အောင် တွန်းအား ပေးတာပါ" ဟု နောင်ကိုင်တော်အုပ်ချုပ်ရေးမှူး ဦးစိုးရွှေက ပြောသည်။
- နောင်ကိုင်တော်ရပ်ကွက်တွင် အုပ်စု(၉)အုပ်စုရှိပြီး ရပ်ကွက်အတွင်းမှ ဝါသနာရှင်များသည် ဦးတင်ဝင်း တေးဂီတအဖွဲ့နှင့် တွဲဘက်သီဆိုယှဉ်ပြိုင်ကြသည်။
- မနက်ဖြန်တွင် ဆီမီး(၁၀၀၀) ပန်း(၁၀၀၀) အပူဇော်ခံလှည့်လည်ပွဲ ပါဝင် နောင်ကိုင်တော်ရပ်ကွက် အုပ်စု(၉)အုပ်စုမှ မဲကျဂြိုလ်ခွင်ဘုရားအား သဒ္ဒါယုံကြည်မှု၊ လှပဆန်းသစ်မှု၊ မီးပုံးများအလှဆင်မှု၊ ဝေါယာဉ်ထမ်းဝတ်စားဆင်ယင်မှု၊ စည်းကမ်းသေဝပ်မှုအစရှိသော စည်းကမ်းချက်များနှင့် ကိုက်ညီအောင် ဝေါယာဉ်ကို ဆင်ယင်၍ အုပ်စုလိုက်လှည့်လည်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။




Comments
Post a Comment