အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လမ်းဧရိယာနှင့် မလွတ်ကင်းသည့် သစ်ပင်များကို ခုတ်ထွင် ရှင်းလင်း
အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လမ်းဧရိယာနှင့် မလွတ်ကင်းသည့် သစ်ပင်များကို ခုတ်ထွင် ရှင်းလင်း
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၆
- ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လမ်းဧရိယာနှင့် မလွတ်ကင်းသည့် သစ်ပင်များကို ခုတ်ထွင် ရှင်းလင်းရခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးတင်ကိုကို ကပြောသည်။
- မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ စုပေါင်းရုံးတွင် အောက်တိုဘာ ၃ရက်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ ရပ်ကွက်နေ ပြည်သူများနှင့် တွေ့ဆုံပွဲတွင် မေးခွန်းမေးမြန်းရာတွင် စည်ပင်သာယာအဖွဲ့မှ ဖြေကြားခြင်း ဖြစ်သည်။
- “မြို့ပြလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်ရာ ခွင့်ပြုချက် လမ်းညွန်မှုနဲ့အညီ ကျွန်တော် တို့ ဆောင်ရွက်နေပါတယ် လှုနေမှုစနစ် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ယာဉ်တွေများပြားလာပြီး လမ်းနဲ့ လွတ်ကင်းခြင်း မရှိလို့ ယာဉ်တိုက်မှုတွေ ဖြစ်လာတယ် စီးပွားရေးအနေနဲ့ ခုတ်ထွင်ရှင်းလင်းရခြင်း လုံးဝမဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။
- မြစ်ကြီးနားမြို့ပေါ်ရှိ သခင်နက်ဖေလမ်းနှင့် အခြားလမ်းများပေါ်တွင် လမ်းချဲ့ရန်အတွက် အရိပ်ရ သက်တမ်းရင့် သစ်ပင်များခုတ်၍ အမြစ်မှ တူးဖော်နေခြင်းများအပေါ် ပတ်ဝန်းကျင်ပျက်စီးခြင်းနှင့် မြို့ပေါ် ဒေသခံများအတွက် အရိပ်မရရှိနိင်သည့် ဆိုးကျိုးများဖြစ်စေနိုင်သည် ဟု ရပ်ကွက်နေ ဒေသခံများအကြား ဝေဖန်မှုများ ရှိနေသည်။
- “ကားတွေများလို့ လမ်းချဲ့တယ်ဆိုတာ လူတိုင်းစဉ်းစားတတ်ပါတယ် အဲ့ဒီလမ်းပေါ်မှာ တစ်ရက်ကို ကားအစီးရေ ဘယ်လောက်ဖြတ်နေလို့ လူဘယ်လောက်များများ ဒုက္ခရောက်နေလို့ ဒီသစ်ပင်ကို ခုတ်ရ တယ် ဆိုတာ စစ်တမ်းတွေ ကောက်ယူဘူးတာရှိလား” ဟု ကချင်ပြည်နယ်အတွင်းရှိ ရွာပေါင်း၃၅ရွာတွင် သစ်ပင်စိုက်ပျိုးနေသည့် အစိမ်းရောင်အလင်းတန်းများအဖွဲ့မှ အကြံပေး ဦးဘရန်အောင် ကပြောသည်။
- မြစ်ကြီးနားမြို့အတွင်း အစိုးရလက်ထက်မှ စတင်၍ လမ်းနယ်မြေပြုပြင်မှုများကို ဆက်တိုက် ဆောင်ရွက်နေပြီး ယခုလိုလုပ်ဆောင်ရာတွင် လမ်းဧရိယာနှင့် မလွတ်ကင်းသည့်သစ်ပင်များကို ခုတ်ထွင် ရှင်းလင်းနေခြင်းဖြစ်ကြောင်း ဆက်လက်၍ မြို့ပေါ်လမ်းမြေတိုးချဲ့ရာတွင် မလွတ်ကင်းသည့် အပင်များကို လည်း ထပ်မံရှင်းလင်းသွားမည် ဖြစ်ကြောင်းသိရသည်။



Comments
Post a Comment