မိုးကောင်းမြို့ အထက်ရှမ်းစုကျေးရွာတွင် အဝတ်ဘိန်းများ သိမ်းဆည်းရမိ
မိုးကောင်းမြို့ အထက်ရှမ်းစုကျေးရွာတွင် အဝတ်ဘိန်းများ သိမ်းဆည်းရမိ
EPN
မိုးကောင်း၊ အောက်တိုဘာ ၁၂
- မိုးကောင်းမြို့ အထက်ရှမ်းစုကျေးရွာတွင် အောက်တိုဘာ ၁၂ရက် နံနက် ၈နာရီခွဲက အဝတ်ဘိန်း များ သိမ်းဆည်းရမိခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။
- ကချင်ပြည်နယ် မိုးကောင်းမြို့ အထက်ရှမ်းစုကျေးရွာတွင် မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ ရဲအုပ် မျိုးမင်းထွန်း၊ မိုးကောင်းမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်သူရရှိန်နှင့် အဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေခွင့်ဝရမ်းအမှတ် (၉၅/၂၀၁၇)ဖြင့် မိုးကောင်းမြို့ အထက်ရှမ်းစု ကျေးရွာနေ ဦးကျော်ကျော်လတ်(ခ) ဦးကလေး(၅၇)နှစ်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ အဝတ်ဘိန်း (အဝတ်စ) ၄၀ ဂရမ်၊ ခပ်ပုံ(၃၀)ဂရမ် အား သက်သေများရှေ့တွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
- ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်ကျော်လတ်(ခ) ဦးကလေးအား မိုးကောင်းမြို့မရဲစခန်းမှ မယ(ပ) ၆၈/၂၀၁၇၊ မူး/စိတ် ၁၅/၁၆(ဂ)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


Comments
Post a Comment