တပ်အပ်ပွဲဆိုတာ တာဝန်ပေးအပ်လိုက်တဲ့သဘောပါ ဟု ကချင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဂဲနက်စ်ကပြော
တပ်အပ်ပွဲဆိုတာ တာဝန်ပေးအပ်လိုက်တဲ့သဘောပါ ဟု ကချင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဂဲနက်စ်ကပြော
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၄
- "တပ်အပ်ပွဲဆိုတာ တာဝန်ပေးအပ်လိုက်တဲ့သဘောပါ။ အရင်ကထက် ပိုပြီးတာဝန်ရှိသွားပြီလို့ အသိပေးလိုက်တဲ့သဘောပေါ့။ သန္ဓေတပ်ဖွဲ့ဝင် ဖြစ်သွားပြီဖြစ်လို့ ဘယ်နေရာဘယ်ဒေသပဲ ရောက်ရောက် လူသားချင်းစာနာထောက်ထားမှု ကိစ္စအဝဝကို ပရဟိတစိတ်ဓါတ်အပြည့်နဲ့ ကြိုးစားကြပါ။" ဟု ကချင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဂဲနက်စ်က ပြောသည်။
- မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြစ်ကြီးနားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တပ်အပ်ပွဲနှင့် ကတိသစ္စာခံယူပွဲကို ၂၀၁၇ခု အောက်တိုဘာ(၁၄)ရက် နံနက်(၉)နာရီက ပြည်နယ်မိုးလုံလေလုံ အားကစား ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပြီး အဖွင့်မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
- မြန်မာနိုင်ငံ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြစ်ကြီးနားမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့၏ တပ်အပ်ပွဲနှင့် ကတိသစ္စာခံယူပွဲ ကျင်းပခဲ့ရာ၌ ဂုဏ်ပြုတပ်ဖွဲ့ အနေနှင့် တပ်ဖွဲ့ဝင်အင်အား (၂၂၀)ဦးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ ကြက်ခြေနီ အသင်းဝင်အင်အား (၁၀၀)ဦး၊ မြစ်ကြီးနား တက္ကသိုလ်မှ ကြက်ခြေနီ အသင်းဝင်(၁၀)ဦး တို့ကို မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ကချင်ပြည်နယ် ကြက်ခြေနီ ဥက္ကဋ္ဌ ဦးဂဲနက်စ်က တပ်ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားအတွက် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့ဝင် (၃၀)ဦးတို့က တီးခတ်ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
- ယခု ကြက်ခြေနီတပ်ဖွဲ့ တပ်အပ်ပွဲနှင့် ကတိသစ္စာခံယူပွဲသည် မိုးကောင်းမြို့နယ်တွင် သြဂုတ်လ ၂၇ရက်နေ့က ပထမအကြိမ်အဖြစ် ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ကချင်ပြည်နယ်တွင် ဒုတိယအကြိမ် မြောက် ပြုလုပ်ကျင်းပသော ပွဲဖြစ်ကြောင်း သိရသည်။
- "ဒီပွဲကို အခုလို အဆင်ပြေပြေ ချောချောမောမော ဖြစ်ဖို့ကို ကျွန်တော်တို့ သီတင်းကျွတ် ကျေင်းပိတ်ရက်ထဲက လေ့ကျင့် ပြင်ဆင်ခဲ့တာပါ။ တပ်ဖွဲ့ဝင်တွေ အားလုံးက ပရဟိတ စိတ်ဓါတ်အပြည့်ရှိလို့ ကြက်ခြေနီထဲ ရောက်လာခဲ့ကြတာ ဖြစ်လို့ အခုသန္ဓေဖြစ်ကြပြီ ဆိုတော့ ပိုကြိုးစာသွားကြမှာပါ။" ဟု မြစ်ကြီးနားမြို့နယ်၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဒုတိယ မြို့နယ်တပ်ဖွဲ့မှူး ဦးတန်ရှန်ကပြောသည်။
- မြန်မာနိုင်ငံ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့မှူးချုပ်၊ ကချင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဂဲနက်စ်က အဖွင့်မိန့်ခွန်းပြောကြားပြီး မြစ်ကြီးနားမြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိလူကြီးမင်းများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိလူကြီးမင်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အရာရှိကြီးများ၊ အခြေခံပညာကျောင်းများမှ ဆရာ/မများ၊ ကျောင်းသူ/သားများ လူဦးရေ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
- ဆက်လက်၍ နံနက်ပိုင်း တပ်အပ်ပွဲအခမ်းအနား ပြီးဆုံးသည့်နောက်တွင် ညနေ(၃)နာရီ အချိန်၌ ကချင်ပြည်နယ်အတွင်းရှိ လက်ရှိရာထူးမှ ရာထူးတိုးမြှင့်ခြင်း ခံရသော ကြက်ခြေနီ တပ်ဖွဲ့ဝင်များကို ရာထူးပေးအပ်ခြင်းနှင့် တာဝန်ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပ သွားမည်ဟု သိရသည်။







Comments
Post a Comment