မိုးညှင်းမြို့တွင် ဖုန်းပေါင်ပေးသူအားချက်ခြင်းမရွေးပေးသဖြင့် အုပ်စုဖြင့်ဓားနှင့် ဝင်ခုတ်

မိုးညှင်းမြို့တွင် ဖုန်းပေါင်ပေးသူအားချက်ခြင်းမရွေးပေးသဖြင့် အုပ်စုဖြင့်ဓားနှင့် ဝင်ခုတ်

EPN
မိုးညှင်း၊ အောက်တိုဘာ ၈
  • မိုးညှင်းမြို့တွင် အုပ်စုဖြင့် အိမ်ထဲဝင်ပြီး ဓားခုတ်မှု ဖြစ်ပွားခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သတင်းရရှိခဲ့သည်။
  • ဖြစ်စဉ်မှာ အောက်တိုဘာ(၇) နေ့လည်(၁၁)နာရီခွဲအချိန်ခန့်က ကိုချောမောင်(၄၅)နှစ်၊ (ဘ)ဦးတင်ရွှေ၊ သရက်ကုန်းရပ်၊ ဘီလူးကျေးရွာနေသူသည် ဇနီးဖြစ်သူ မဝါဝါလင်းနှင့် နေအိမ်တွင် အတူရှိနေစဉ် မင်းမင်း(ခ)မင်းသိန်း၊ ၎င်း၏အမဖြစ်သူ မဖြူ၊ ၎င်း၏ ယောက်ဖ ခင်မောင်ဇော်၊ ၎င်း၏တူ စိုးကျော်ဦးတို့ (၄)ဦးရောက်လာပြီး၊ အောက်တိုဘာ(၅)နေ့တွင် မင်းမင်းမှ ဝါဝါလင်းကို Vivoအမျိုးအစား ဟန်းဆက်တစ်လုံးပေါင်နှံခိုင်းရာ ဝါဝါလင်းမှဘီလူးကျေးရွာ အလယ်ကုန်း ရပ်နေ အောင်ဝင်းဆိုသူထံတွင် ငွေကျပ်နှစ်သောင်းဖြင့် ပေါင်ပေးခဲ့ပြီး  ပြန်ရွေးပေးရန် တောင်းဆိုခဲ့သည်။
  • ဝါဝါလင်းက အောင်ဝင်းမှာနေအိမ်တွင် မရှိကြောင်း ညနေမှပြန်လာရန် ပြောဆိုရာ မင်းမင်း၏ အမ ဖြစ်သူ မဖြူမှ အခုချက်ချင်းရွေးပေးရန် အပြန်အလှန်ပြောဆိုပြီး ၎င်းတို့(၄)ဦးအိမ်ထဲဝင်လာပြီး မင်းမင်းမှ အသင့်ပါသော အသွား(၁၃)လက်မ၊ အရိုး(၆)လက်မရှိ ထန်းလှီးနဲ့ဝင်ခုတ်ရာ ကိုချောမောင်မှာ ဝဲချိုင်း(၂)လက်မ ပြတ်ရှ ဒဏ်ရာ(၁)ခု၊ ဝဲတစ်တောင်ဆစ်ပွန်းပဲ့ဒဏ်ရာ(၁)ခု၊ ယာဘက်ဖျံ(၄)လက်မပြတ်ရှ (၁)ခု၊ ယာခြေထောက် ပွန်းပဲ့ဒဏ်ရာ(၁)ခု ရကာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသမှုခံယူနေကြောင်း သတင်းရရှိသည်။
  • ယင်းအမှုကို မိုးညှင်းမြို့မရဲစခန်းမှ ဒုရဲအုပ်မင်းရာက အမှုစစ်ဖြစ်ဆောင်ရွက်ကာ ပြစ်မှုကျူးလွန်ကြ သော မင်းမင်း(ခ)မင်းသိန်း (၃၆)နှစ်၊ (ဘ)ဦးတင်အောင်၊ မဖြူ (၄၀)နှစ်၊ (ဘ)ဦးတင်အောင်၊ ခင်မောင်ဇင် (၃၈)နှစ်၊ (ဘ)ဦးသိန်းရွှေ၊ စိုးကျော်ဦး(၂၀)နှစ်၊ (ဘ)ဦးစိုးညွန့်၊ ပင်းဟဲကျေးရွာနေသူတို့အား (ပ)၁၅၀/၁၇၊ ပုဒ်မ-ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၂/၃၂၆/၁၁၄အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
                                                       အာဆီယံစိန်အောင်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ