ဖားကန့်လမ်းတွင် ကေအိုင်အေမှ လမ်းပေါ်ထွက် ဆက်ကြေးကောက်ခံနေသည့်အတွက် တိုက်ပွဲပြန်လည် ဖြစ်ပွား
ဖားကန့်လမ်းတွင် ကေအိုင်အေမှ လမ်းပေါ်ထွက် ဆက်ကြေးကောက်ခံနေသည့်အတွက် တိုက်ပွဲပြန်လည် ဖြစ်ပွား
EPN
ဖားကန့် အောက်တိုဘာ ၇
- ကချင်ပြည်နယ် ဖားကန့်လမ်းတွင် ကေအိုင်အေမှ လမ်းပေါ်ထွက် ဆက်ကြေးကောက်ခံနေသည့် အတွက် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ကြောင်း နန့်ယားပြည်သူ့စစ်ထံမှ သိရသည်။
- ကေအိုင်အေမှ ဆက်ကြေးကောက်ခံနေကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ အေအိုင်အေနဲ့ မြန်မာ့ တပ်မတော်တို့အကြား အောက်တိုဘာလ (၆)ရက် မနက်(၇)နာရီခန့်တွင် ဖားကန့်မြို့နယ် ဖားကန့်လမ်း တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
- "ဖားကန့်လမ်းရှိ ဂေါ်လူရန်နဲ့ ခွန်ဆိုင် ကြားခွန်ဆိုင်တောင်ဘက်မှာ တိုက်ပွဲဖြစ်တာ။ ကေအိုင်အေ တွေ ကားလမ်းပေါ်ထွက်လာပြီး ဆက်ကြေးကောက်နေလို့ ဖြစ်တာပါ။ ဒီတလတောအတွင်း နဲနဲငြိမ်နေ တာ။ အခုမှ ဆက်ကြေး ကောက်နေလို့ ပြန်ဖြစ်လာတာ" ဟု အမည်မဖော်လိုသော ကားသမားတစ်ဦးမှ ပြောသည်။
- ဖားကန့်လမ်းရှိ ဂေါ်လူရန်နဲ့ ခွန်ဆိုင်ကြား ခွန်ဆိုင်တောင်ဘက်ကိုက်(၅၀၀)ခန့်လောက် ကေအိုင်အေမှ ဆက်ကြေးကောက်ခံနေမှုကြောင့် တပ်မ(၁၀၁) လက်အောက်ခံတပ်များ အချိန်နှင့် တစ်ပြေးညီ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရကြောင်း နန့်ယားပြည်သူစစ်ထံမှသိရသည်။
- "တိုက်ပွဲဖြစ်တာဟုတ်တယ်။ မနက်(၇)နာရီလောက်က ကေအိုင်အေတွေ လမ်းပေါ်ထွက်ဆက် ကြေး ကောက်နေတယ်လို့ သတင်းရတော့ မြန်မာ့တပ်မတော်မှ တပ်မ(၁၀၁) လက်အောက်ခံတပ်များ အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းရေးလုပ်တာ" ဟု နန့်ယားပြည်သူ့စစ်ခေါင်းဆောင် ကိုသန့်ဇင် က ပြောသည်။
- အခုလို နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် ကေအိုင်အေအဖွဲ့မှ ဆွဲမိုင်းဖြင့်ပြန်လည် တိုက်ခိုက် ခဲ့သဖြင့် တပ်မတော်ဘက်ကတစ်ဦးဒဏ်ရာအနည်းငယ်ရခဲ့ကြောင်း သိရသည်။
- "တိုက်ပွဲဖြစ်တော့ ကေအိုင်အေက ဆွဲမိုင်းနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တဲ့အခါ တပ်မတော်ဘက်က တပ်သားတစ်ဦး ဒဏ်ရာအနည်းငယ်ရတယ်။ ကေအိုင်အေဘက်က ဘယ်လောက်ထိခိုက်တယ်ဆိုတာ မသိသေးဘူး။ မိုင်းဆွဲပြီး ထွက်ပြေးသွားကြတာ" ဟု ဦးသန့်ဇင်က ဆက်လက်ပြောဆိုသည်။
- ကာလအတန်ကြာတိုက်ပွဲရပ်တန့်နေတဲ့ ကချင်ပြည်နယ်တွင် ဖားကန့်မြို့နယ်ထဲမှာ အောက်တို ဘာလ (၆)ရက် မနက်မှာတော့ ကေအိုင်အေ မှ လမ်းပေါ်ထွက်၍ ခရီးသွားပြည်သူများနှင့် ကားသမားများ ထံ ဆက်ကြေးကောက်ခံနေသည့်အတွက် မြန်မာ့တပ်မတော်နဲ့ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အေ တို့အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Comments
Post a Comment