ရုပ်ရှင်သရုပ်ဆောင်စွမ်း၏ အဖွဲ့သားများနှင့် ကချင်ပြည်နယ် လက်ရွေးစင်အဖွဲ့ ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပမည်
ရုပ်ရှင်သရုပ်ဆောင်စွမ်း၏ အဖွဲ့သားများနှင့် ကချင်ပြည်နယ် လက်ရွေးစင်အဖွဲ့ ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပမည်
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၎
- ချစ်ကြည်ရေးဘောလုံးပွဲကို အောက်တိုဘာလ (၇)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
- ကချင်ပြည်နယ် လက်ရွေးစင် Old Star ဘောလုံးအသင်းနှင့် ရုပ်ရှင်သရုပ်ဆောင် စွမ်းဇာတ်သဘင် အဖွဲ့သားများ ယှဉ်ပြိုင်မည်ဖြစ်ပြီး ကြိုတင်လက်မှတ် ရောင်းချမည် မဟုတ်ဘဲ အဆိုပါ နေ့တွင်သာ လက်မှတ်ဝယ် ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပြည်နယ် အား/ကာမှ လက်ထောက် ညွန်ကြားရေးမှူး ဦးဝင်းတင်က ပြောသည်။
- “ဘောလုံးပွဲ မစခင်မှာ သီချင်းဆိုမယ့် အစီအစဉ် စမယ် စွမ်းနဲ့အတူ ဒေသခံ ကချင်အဆိုတော်တွေ ရောပါမယ် Dancer အကတွေရောပေါ့ ချစ်ကြည်ရေး အထိမ်းမှတ် ကန်တာပါပဲ” ဟု ပြည်နယ်အား/ကာမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းတင်ကပြောသည်။
- အဆိုပါ ဘောလုံးပွဲကို အောက်တိုဘာ ၇ရက်နေ့ နေ့လည်၁နာရီတွင် ဧရာရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ပြီး ဝင်ကြေး၃၀၀၀ကျပ်ဖြင့် ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး မြစ်ကြီးနားမြို့တွင် ချစ်ကြည်ရေးအဖြစ်ယခုပွဲသည် ပထမဆုံးပွဲဖြစ်ကြောင်း သိရသည်။



Comments
Post a Comment