ဝုန်းမေတ္တာအဖွဲ့မှ ကလေးမွေးဖွားခါစမိခင်ကို ထောက်ပံ့ငွေများပေးအပ်
ဝုန်းမေတ္တာအဖွဲ့မှ ကလေးမွေးဖွားခါစမိခင်ကို ထောက်ပံ့ငွေများပေးအပ်
EPN
ဟိုပင် အောက်တိုဘာ ၁၃
- ဟိုပင်မြို့ တကွင်းကျေးရွာရှိ လွယ်ခမ်းကျောင်းတိုက် ဝုန်းမေတ္တာအဖွဲ့မှ ကလေးမွေးဖွားခါစ မိခင်တစ်ဦးကို အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
- အခုလို ထောက်ပံ့ငွေပေးအပ်ရခြင်းသည် ဝုန်းမေတ္တာအဖွဲ့၏ ရည်ရွယ်ချက်တစ်ခုဖြစ်ပြီး အခြားသော သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသူများ အခက်အခဲရှိသူများနှင့် သာရေးနာရေး ကိစ္စရပ်များတွင်လည်း လိုအပ်သလို ကူညီဆောင်ရွက်သွားမည် ဟု ဝုန်းမေတ္တာက ဆိုသည်။
- "ကျွန်တော်တို့က ဒေသခံရွာသူ/သားတွေကို တတ်စွမ်းသလောက် ကူညီလုပ်ကိုင်ပေးနေတာပါ အခက်အခဲတွေကို လက်တွဲဖြေရှင်းတတ်အောင် စားဝတ်နေရေးနှင့် ကျန်းမာရေး ညီညွတ်မျှတအောင် သာရေးနာရေးကိစ္စတွေမှာလည်း ဝိုင်းဝန်းကူညီတတ်အောင် လုပ်ပေးနေတာပါ" ဟု ဝုန်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းတင်ထွန်းက ပြောသည်။
- တကွင်းကျေးရွာ ရပ်ကွက်(၇)မှာ နေထိုင်သည့် ကလေးမီးဖွားခါစ ဒေါ်မွှေးရီ၏အိမ်သို့ အဆိုပါ အဖွဲ့က အောက်တိုဘာလ(၁၂)ရက်နေ့ ညနေ(၃း၀၀)နာရီအချိန်တွင် သွားရောက်တွေ့ဆုံကာ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
- "အရမ်းဝမ်းသာတယ် ရွာမှာဒီလိုမျိုးကူညီပေးနေတဲ့ အဖွဲ့တွေများများရှိပါစေ အောင်မြင်ပါစေ" လို့ ထောက်ပံ့ငွေလက်ခံရရှိသူ ဒေါ်မွှေးရီက ဝမ်းသာစကားပြောကြားခဲ့သည်။
- အဆိုပါအဖွဲ့သည် ဒေသခံပြည်သူများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ရန် ၂၀၁၆ စက်တင်ဘာလ (၁၂)ရက်နေ့ လွယ်ခမ်းကျောင်းတိုက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်း များကို ဆက်လက်လုပ်ကိုင်သွားမည် ဟု သိရသည်။


Comments
Post a Comment