မြစ်ကြီးနားမြို့ ကိုယ်ကာယလေ့ကျင့်ရေး ပြည်သူ့အားကစားကွင်းထဲတွင် အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ
မြစ်ကြီးနားမြို့ ကိုယ်ကာယလေ့ကျင့်ရေး ပြည်သူ့အားကစားကွင်းထဲတွင် အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၃
- မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက် ကိုယ်ကာယလေ့ကျင့်ရေး ပြည်သူ့အားကစားကွင်းထဲတွင် အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းကို အောက်တိုဘာ ၂ရက်တွင် တွေ့ရှိခဲ့သည် ဟု အခမဲ့ပေးဆပ် သူ နာရေးကူညီမှုအသင်းမှ သိရသည်။
- “မင်းရပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးက အကြောင်းကြားခဲ့လို့ ကျွန်တော်တို့နာရေးအဖွဲ့က သွားလိုက် တာပါ။ သေဆုံးသူရဲ့ ပုဆိုးခါးပုံစထဲက ပိုက်ဆံ၇၅၀၀နဲ့ သူပတ်ထားတဲ့နာရီတစ်လုံးကို တာဝန်ရှိရဲတွေကို ပေးခဲ့ပါတယ်။ သေဆုံးသူကိုတော့ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု အဆိုပါအဖွဲ့မှ ကိုသက်နိုင်အောင် က ပြောသည်။
- သေဆုံးသူအား Rosra စတီးနာရီ တစ်လုံးပတ်လျှက် ညနေ၅နာရီကျော်တွင် ကိုယ်ကာယလေ့ကျင့် ရေး ပြည်သူ့အားကစားဝင်းအတွင်း သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ပြီး အောက်တိုဘာ ၃ရက်နေ့အထိ သေဆုံးသူ၏ နေရပ် လိပ်စာကို မသိရှိရသေးကြောင်း မြို့မရဲစခန်းမှ သိရသည်။
- “လမ်းလျှောက်လာနေရင်း တက်သွားတာတွေ့လိုက်တယ်လို့ ဘေးနားကဈေးသည်တွေက ပြောတယ် အခုထိတော့ ပိုင်ရှင်မပေါ်သေးပါဘူး” ဟု မြို့မရဲစခန်းမှ တပ်ကြပ် ကိုသက်နိုင်ဦးက ပြောသည်။
- အဆိုပါ ပိုင်ရှင်မဲ့ အမျိုးသားသည် ခန့်မှန်း အသက်၄၀ခန့်ရှိပြီဖြစ်ပြီး သေဆုံးသူမှာ အရက်သေစာ သောက်စားထားခြင်းမရှိကြောင်း မြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
ဓာတ်ပုံ - ပေးဆပ်သူ အခမဲ့ လူမှုကူညီရေးအသင်း

Comments
Post a Comment