ဖားကန့်လမ်းတွင် ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေက ဆပ်ကြေးကောက်

ဖားကန့်လမ်းတွင်  ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေက  ဆပ်ကြေးကောက်

EPN
ဖားကန့် အောက်တိုဘာ ၇
  • ကချင်ပြည်နယ် ဖားကန့်လမ်းတွင် ကားသမားများထံမှ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ က ဆပ်ကြေးကောက်ခံခဲ့ကြောင်း သတင်းရရှိသည်။
  • ဖားကန့်လမ်း၌ အောက်တိုဘာလ (၆)ရက် မနက်(၆)နာရီခန့်တွင် ကေအိုင်အေမှ အတက်အဆင်း ကားသမားများနှင့် ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်ခံနေကြောင်း အမည်မဖော်လိုသော ခရီး သွားပြည်သူများထံမှ သိရသည်။
  • "ကျွန်တော်တို့ ကားတွေကိုတားပြီး ကောက်တာ။ ခုလိုဖြစ်မယ်မှန်း မသိဘူး။ ပိုက်ဆံမလောက်လို့ ခရီးသည်ထံမှ ချီးပြီး ပေးလိုက်ရတယ် ခုနှစ်သောင်းတောင် ပေးလိုက်ရတာ" ဟု အမည်မဖော်လိုသော ကားသမားတစ်ဦးမှ ပြောသည်။
  • ဖားကန့်လမ်းရှိ ဂေါ်လူရန်နဲ့ ခွန်ဆိုင် ကြားခွန်ဆိုင်တောင်ဘက်ကိုက်(၅၀၀)ခန့်လောက် ကေအိုင်အေ မှ ဆက်ကြေးကောက်ခံနေမှုကြောင့် ခရီးသွား ပြည်သူများနှင့် အတက်အဆင်းကားများ ပိတ်ဆို့သွားခဲ့ရာ ညနေပိုင်းတွင် လမ်းပြန်ပွင့်ခဲ့ကြောင်း သိရသည်။
  • "ကေအိုင်အေတွေ လမ်းမှာပိတ်ပြီး ဆက်ကြေးကောက်နေလို့ ခရီးသွားပြည်သူတွေရော ကားသမား တွေရော ပိတ်မိနေတာလေ။ အခုညနေမှာတော့ သွားလာလို့ရပါပြီး "ဟု နန့်ယားမှ ကိုသန့်ဇင်ကပြောသည်။
  • ကေအိုင်အေ အဖွဲ့မှခရီးသွားပြည်သူများနှင့် ကား/ဆိုင်ကယ်တို့အား ဆိုင်ကယ် တစ်စီးလျှင် (၅၀၀၀)ကျပ်၊ အိမ်စီးကား တစ်စီးလျှင် (၅၀၀၀၀)ကျပ်၊ ခရီးသည်လိုင်းကား တစ်စီးလျှင် (၇၀၀၀၀) ကျပ်၊ ခရီးသည်လိုင်းကားအကြီး တစ်စီးလျှင် (၁၀၀၀၀၀) ကျပ်၊ ကုန်တင်ကား တစ်စီးလျှင် (၂၀၀၀၀၀)ကျပ် မှ (၃၀၀၀၀၀)ကျပ် အထိ ကောက်ခံနေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
                                                            စိုင်းဆိုင်မင်း

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ