လမ်းနဲ့လျှပ်စစ်မီးကောင်းလို့ အင်းတော်ကြီးဒေသ ပိုမိုစည်ကားလာ ဟု ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် က ပြောဆို
လမ်းနဲ့လျှပ်စစ်မီးကောင်းလို့ အင်းတော်ကြီးဒေသ ပိုမိုစည်ကားလာ ဟု ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် က ပြောဆို
EPN
အင်းတော်ကြီး၊ အောက်တိုဘာ ၈
- လမ်းနဲ့လျှပ်စစ်မီးတွေ ကောင်းနေသဖြင့် အင်းတော်ကြီးဒေသ ပိုမိုစည်ကားလာနေခြင်းဖြစ်သည် ဟု ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဦးကျော်စိုးလေးက ပြောသည်။
- “မြို့ရွာဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လမ်းတွေကောင်းရမယ် လျှပ်စစ်မီးတွေအပြည့်အ၀ရရှိကြမယ်ဆိုရင် အဲဒီဒေသ ဖွံ့ဖြိုးတိုးတက်ပါမယ် ကျွန်တော်တို့ပါတီ မဲဆွယ်စည်းရုံးစဉ်က ကျွန်တော်တို့ပါတီကို တာဝန် ပေးအပ်မယ်ဆိုရင် အင်းတော်ကြီးဒေသကို တိုးတက်ဖွံ့ဖြိုးအောင် လျှပ်စစ်မီးတွေ အပြည့်အ၀ရရှိပြီး လမ်း တွေ ကောင်းအောင်လုပ်ပေးမယ်လို့ ကတိခံခဲ့တယ် မဲအနိုင်ရပြီးတော့လည်း ကတိအတိုင်း လုပ်ပေးနိုင် ခဲ့တယ် လက်ရှိမြင်တဲ့အတိုင်း အင်းတော်ကြီးရေလယ်ဘုရားကို သွားတဲ့ကျေးရွာလမ်းတွေနဲ့ ဘုရားဝင်း အတွင်းက လမ်းတွေလည်း ကောင်းနေတော့ အခုလိုသီတင်းကျွတ် အချိန်အခါဆို လူတွေစည်းကား လာတယ်” ဟု ၎င်းကဆိုသည်။
- အဆိုပါ သီတင်းကျွတ်ပွဲတော်ကို အောက်တိုဘာ(၅)ရက် သီတင်းကျွတ်လပြည့်နေ့က အင်းတော် ကြီး ရေလယ်ဘုရားကြီး၌ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်အတူ ဒေသခံရှမ်းနီတိုင်းရင်းသားများက ညအချိန်တွင် ဒုတိယအကြိမ်မြောက် ကျင်းပနိုင်ခဲ့ကြကြောင်း သိရသည်။
- အလျား(၁၄)မိုင် အနံ(၇)မိုင်ရှိသော အင်းရေပြင်တွင် ဆီမီး (၃၀၀)ကို ရေမျှောပူဇော်ကြပြီး ရွှေမဉ္ဇူ ရေလယ်ဘုရားရင်ပြင်၌ ဆီမီးတစ်ထောင်ထွန်းညှိကာ မီးပုံးပျံ အလုံး(၅၀)တို့အား လွှတ်တင်ခဲ့ကြသေး ကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။
- အင်းတော်ကြီးဒေသသို့သွားရာ တောင်ပေါ်လမ်းသည် နိုင်ငံရေးအပြောင်းအလဲတစ်ခု ဖြစ်သည့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မဲဆွယ်ချိန်၌ ပြည်ခိုင်ဖြိုးပါတီမှ နန့်မွန်းကျေးရွာတွင် ၎င်းပါတီအနိုင်ရရှိပါက မြေသားလမ်းရွံ့စည်းလမ်းများကို ကတ္တရာလမ်းနှင့် လျှပ်စစ်မီးများရရှိအောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဟောပြောစည်းရုံးခဲ့ပြီး ၅နှစ်တာကာလအတွင်း ကတိက၀တ်ပြုခဲ့သည့် အတိုင်း ရေလယ်ဘုရားဝင်းအတွင်းရှိ လမ်းများလျှပ်စစ်မီးများအပါအ၀င် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ယခု ကဲ့သို့ စည်းကားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




Comments
Post a Comment