နှစ်ပေါင်းနှစ်ဆယ်ကျော် ဝေးကွာခဲ့သည့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ပြည်နယ်အဆင့် စည်ကားစွာကျင်းပမည်

နှစ်ပေါင်းနှစ်ဆယ်ကျော် ဝေးကွာခဲ့သည့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ပြည်နယ်အဆင့် စည်ကားစွာကျင်းပမည်

EPN
ဟိုပင် အောက်တိုဘာ ၎
  •     မိုးညှင်းခရိုင်၊ ဟိုပင်မြို့ တကွင်းကျေးရွာတွင် နှစ်ပေါင်းနှစ်ဆယ်ကျော် ဝေးကွာခဲ့သည့် ရှမ်းနှစ်သစ် ကူးပွဲတော်ကို ပြည်နယ်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
  • အဆိုပါ ၂၀၁၇နိုဝင်ဘာ၁၈ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို စက်တင်ဘာလ ကစပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် နေကြောင်း တကွင်းကျေးရွာရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ သိရသည်။
  • တကွင်းရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ဒေသခံရှမ်းတိုင်းရင်းသား/သူများက တေးသီချင်း လေ့ကျင့်သီဆိုခြင်း၊ တိုးနယားအက၊ ရှမ်းသိုင်းအက၊ ရှမ်းရိုးရာအကများ သင်ကြားလေ့ကျင့်မှုများ ပြုလုပ် နေခြင်း ဖြစ်ကြောင်း သိရသည်။
  • ထိုကဲ့သို့ ကြိုတင်လေ့ကျင့်ခြင်းများ ပြုလုပ်ရခြင်းသည် ပွဲတော်ရောက်သည့်အခါ အခက်အခဲမရှိဘဲ အဆင်ပြေစေရန် ပွဲတော်လာရောက်ကြသည့် ဧည့်သည်များ ပျော်ရွှင်မှုရသ အမျိုးမျိုး ခံစားကြည့်ရှုနိုင်ရန် နှင့် ရိုးရာယဉ်ကျေးမှုများကို လူငယ်များထံ လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သင်ကြား လေ့ကျင့်ရေးတွင် ပါဝင်သူများက ဆိုသည်။
  • "အခုလိုသင်ပေးနေတာက ကျမတို့ရှမ်းရိုးရာအကတွေကို ပျောက်ပျက်မသွားအောင် နောက်တက် လာမယ့် ရှမ်းလူငယ်မောင်မယ်မျာကိုလည်း လက်ဆင့်ကမ်းပေးချင်တာပါလို့" ဟု လေ့ကျင့်ရေးတွင် ဦးဆောင်ပါဝင်သူ နန်းဆိုင်ဟွမ်ပြောသည်။
  • ယခုကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲသည် နှစ်စဉ်ပြုလုပ်နေကျ နှစ်သစ်ကူးပွဲနှင့်မတူပဲ ပြည်နယ် အဆင့်အနေနဲ့ ပြုလုပ်ခြင်းဖြစ်ကြောင်း တကွင်းကျေးရွာတွင် ၁၉၉၃ခုနှစ်က တစ်ကြိမ်ပြုလုပ်ခဲ့ပြီး နှစ်ပေါင်း ၂၀ကျော် ဝေးကွာခဲ့ရပြီးမှ ယခုအခါဒုတိယအကြိမ်မြောက် ပြုလုပ်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည် ဟု သိရသည်။
  • "ဒီလိုရှမ်းနှစ်သစ်ကူးပွဲကို ကျွန်တော်အသက်၂၀နှစ်လောက်က တကွင်းကျေးရွာ စာသင်ကျောင်းမှာ ပထမအကြိမ် တွေ့ကြုံခဲ့ရပြီး အခုကျွန်တော်အသက်၄၄နှစ်ရောက်မှ ဒီလိုပွဲမျိုးကိုပြန်ပြီးတော့ ဆင်နွဲ ရတော့မယ်" ဟု တကွင်းရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့အတွင်းရေးမှူးဦးစိုင်းတင်ထွန်းက ပြောသည်။
  • အဆိုပါပွဲကို ၂၀၁၇နိုဝင်ဘာ၁၈ရက်မှ နိုဝင်ဘာ၂၀ရက်နေ့ထိ တကွင်းရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံး နေရာတွင် ၃ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရှမ်းတိုင်းရင်းသားများအားလုံးကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။
                                                            ချစ်သား



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ