မူးယစ်ဆေးစွဲသူများကို မက်သဒုံးဆေးရည်ဖြင့် အစားထိုးတိုက်ကျွေးမှုမှာ မူးယစ်ဆေးစွဲသူများနှင့် ဆေးရည် မမျှမတဖြစ်မည်ကို စိုးရိမ်နေ
မူးယစ်ဆေးစွဲသူများကို မက်သဒုံးဆေးရည်ဖြင့် အစားထိုးတိုက်ကျွေးမှုမှာ မူးယစ်ဆေးစွဲသူများနှင့် ဆေးရည် မမျှမတဖြစ်မည်ကို စိုးရိမ်နေ
EPN
မိုးညှင်း၊ အောက်တိုဘာ ၇
- မိုးညှင်းမြို့နယ် ဟိုပင်မြို့ ပြည်သူ့ဆေးရုံတွင် မူးယစ်ဆေးစွဲနေသူများကို မက်သဒုံးဆေးရည်ဖြင့် အစားထိုးတိုက်ကျွေးမှုမှာ နိုင်ငံတော်မှ အခမဲ့ပြုလုပ်ပေးနေပြီး MDMရုံးမှ လူအင်အားလုပ်အားအင်အားဖြင့် ကူညီလုပ်ကိုင်ပေးနေကြောင်း သိရသည်။
- အဆိုပါ ဆေးရည်တိုက်ပေးခြင်းသည် မူးယစ်ဆေးစွဲနေသူများကို မူးယစ်ဆေးဖြတ်ပေးသည် မဟုတ် မူးယစ်ဆေးနေရာတွင် အစားထိုးမှုသာဖြစ်ကြောင်း ဆေးရည်ကိုသောက်ခြင်းသည် ရောဂါမကူးစက် နိုင်ကြောင်း အခမဲ့ဖြစ်သောကြောင့် ဆေးသောက်သူများစီးပွားရေး အဆင်ပြေလာနိုင်ကြောင်း တရားဝင် ဖြစ်သောကြောင့် တရားဥပဒေအောက်တွင် လွတ်လွတ်လပ်လပ်သွားလာနိုင်ကြောင်း ဆေးရည်ကို ကူညီ တိုက်ကျွေးပေးနေသူ ဆရာများက ဆိုသည်။
- ဟိုပင်မြို့တွင် မက်သဒုံးဆေးရည်သောက်ရန် လာရောက်စာရင်းပေးသွင်း သူများပြားလာသော ကြောင့် ဆေးရည်မလုံလောက်မည်ကို ကူညီတိုက်ကျွေးပေးသူ ဆရာ/မများက စိုးရိမ်နေကြကြောင်း ပေးသွင်းသူ စာရင်းများအရ မူးယစ်ဆေးစွဲသူများပြားနေသောကြောင့် ဆေးရည်တိုက်ကျွေးသည့် စင်တာများလည်း ထပ်တိုးသင့်ကြောင်းကို မက်သဒုံးတိုက်ကျွေးသည့်ဌာနမှ ပြောပြချက်အရသိရသည်။
- “အရင်ကဆိုတပါတ်ကို ၅ယောက်နာမည်စာရင်းခေါ်ပြီး တိုက်ပေးတယ် အခုက မက်သဒုံးဆေးကို သောက်ချင်လို့ စာရင်းလာပေးတဲ့သူတွေ တအားများနေတော့ ဆေးရည်နဲ့ချင့်ချိန်ပြီး တပါတ်ကို ၃ယောက် လောက်ဘဲ တိုက်ပေးနိုင်တော့တယ် ဆေးရည်ကလည်း မှာမယ်ဆို၂နှစ်ကြိုတင်မှာရတယ်” ဟု တာဝန်ရှိသူ ဆရာဝန်တစ်ဦးကပြောသည်။
- မက်သဒုံးဆေးရည်သောက်မည်ဆိုပါက ကြိုတင်စာရင်းပေးသွင်းရပြီး အမည်စာရင်းတွင် ကိုယ့် အမည် ပါလာပါက MDMရုံးတွင် ဆေးမသောက်ခင်တပါတ်ကြာ တာဝန်ရှိဆရာ/မများက အဆိုပါ ဆေးရည် သောက်သုံးရခြင်း၏ ကောင်းကျိုးဘေးထွက်ဆိုးကျိုးများနှင့် စည်းကမ်းများကို မိမိ၏အုပ်ထိန်းသူနှင့်အတူ သွားရောက်နားထောင်သင်ယူရပါသည် ဟု မက်သဒုံးဆေးရည်သောက်နေသူများကပြောသည်။
- “နာမည်စာရင်းပါရင်တော့ ဆေးသောက်ရမှာ သေချာသွားပြီ မသောက်ခင်ဆရာ/မတွေက MDMရုံး မှာ စည်းကမ်းတွေကို ပြောပြတယ် မက်သဒုံးဆေးရည်သောက်ပြီရင် အရက်မသောက်ရဘူး မူးယစ်ဆေး တွေ သွားမသုံးရဘူး” ဟု ဆေးရည်သောက်နေသူ ဦးဝင်းဇော်ကပြောသည်။
- အဆိုပါ ဆေးရည်ကို ဟိုပင်မြို့ ပြည်သူ့ဆေးရုံတွင် ၂၀၁၂ခုနှစ် စက်တင်ဘာလ၁၁ရက်နေ့မှ ယနေ့ ချိန်ထိ တိုက်ကျွေးမှုများပြုလုပ်နေသည်မှာ ၅နှစ်ကျော်ရှိပြီး ဆေးရည်လာရောက်သောက်သုံးသူ ဦးရေ ၈၅၀ထိရှိသည် ဟု မက်သဒုံး တိုက်ကျွေးရေးစင်တာမှ သိရသည်။



Comments
Post a Comment