လွဲလောကျောင်းတိုက်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိ ဈာပနာပူဇာကျင်းပမည်

လွဲလောကျောင်းတိုက်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိ ဈာပနာပူဇာကျင်းပမည်

EPN
မိုးကောင်း၊ အောက်တိုဘာ ၈
  • မိုးကောင်းမြို့နယ် လွဲလောကျေးရွာအုပ်စု လွဲလောကျောင်းတိုက်၌ အောက်တိုဘာ ၉ ရက် နေ့လည် ၁၂နာရီအချိန်တွင် လွဲလောကျောင်းတိုက် ဆရာတော်ကြီး၏အန္တိမ အဂ္ဂိ ဈာပနပူဇာကျင်းပမည်ဖြစ် ကြောင်း သိရသည်။
  • ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လွဲလောကျေးရွာအုပ်စု လွဲလောကျောင်းတိုက်ဆရာတော် ဦးဝါယမိန္ဒသက်တော်(၆၂) သိက္ခာ(၄၃)ဝါသည် အောက်တိုဘာ (၁)ရက် ၇း၄၀ အချိန်ခန့်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။
  • "ဆရာတော်ကြီးက လွဲလောကျေးရွာအုပ်စုရဲ့ ကျေးရွာသံဃနာယကဥက္ကဋ္ဌဖြစ်ပြီး သမိုင်းဝင် ရွှေဝက်တိုး ဘုရားကြီးရဲ့ သြဝါဒစရိယဆရာတော်လဲဖြစ်ပါတယ်။ ဆရာဒကာပူးပေါင်းပြီး ဘုရားကျောင်း သိမ်ဇရပ်စေတီတွေ တည်ဆောက်ပြီး လွဲလောအုပ်စုဘာသာ သာသနာ တိုးတက်စည်ပင်အောင် ဆောင်ရွက်တော်မူခဲ့တဲ့ သာသနာ့အာဇာနည်ဖြစ်ပါတယ်။ ဆရာတော်ပျံတော်မူသွားတာကတော့ လွဲလော အုပ်စုသာသနာအတွက် ရွှေတောင်ကြီးပြိုသလိုပါဘဲ" ဟု ဦးပညာဇောတက မိန့်သည်။
  • မိုးကောင်းမြို့နယ် လွဲလောကျေးရွာအုပ်စု လွဲလောကျောင်းတိုက်ဆရာတော် ဦးဝါယမိန္ဒသက်တော် (၆၂) သိက္ခာ(၄၃)ဝါသည် အောက်တိုဘာ (၁)ရက် ၇း၄၀ အချိန်ခန့်တွင် ဘဝနတ်ထံပျံလွန်တော်မူ သွားပါသဖြင့် ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာဒ်တော်အား သာဓုကိဠန အန္တိမအဂ္ဂိ ဈာပနပူဇာကို သီတင်းကျွတ်လပြည့်ကျော် (၄)ရက် မနက်ဖြန် အောက်တိုဘာ ၉ ရက်နေ့၌ လွဲလောကျေးရွာတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
                                                             ချိုမောင်



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ