မိုးရာသီနှင့် ညပိုင်းများတွင် သွေးလှူရှင်များကို ကြိုပို့ရန်အတွက် ကားတစ်စီးလိုအပ်နေ
မိုးရာသီနှင့် ညပိုင်းများတွင် သွေးလှူရှင်များကို ကြိုပို့ရန်အတွက် ကားတစ်စီးလိုအပ်နေ
EPN
မိုးညှင်း အောက်တိုဘာ ၃
- မိုးရာသီနှင့် ညပိုင်းများတွင် သွေးလှူရှင်တွေကို ကြိုပို့ရန်အတွက် ကားတစ်စီးလိုအပ်နေကြောင်း ပီတိသွေး သွေးလှူရှင်များအသင်းမှ သိရသည်။
- ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေတောရကျောင်းတွင် အောက်တိုဘာလ(၃)ရက် မနက် (၉)နာရီအချိန် ပီတိသွေး သွေးလှူရှင်များအသင်း(၂)ပြည့် အထိမ်းအမှတ် ဆွမ်းတရားနာနှင့် ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားတွင် ပီတိသွေး သွေးလှူရှင်များအသင်းမှ အတွင်းရေးမှူး ကျော်စွာအောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
- “ကားမရှိတဲ့အတွက် မိုးရာသီနဲ့ ညတွေမှာသွေးလှူဒါန်းဖို့ အလှူရှင်တွေကို အကြို/အပို့ ပြုလုပ်တဲ့ အခါ အခက်အခဲတွေရှိတယ် သွေးကိုအချိန်နဲ့ တပြေးညီ ထုတ်ပေးရန်နှင့် သွေးလိုအပ်သူများကို အချိန်နဲ့ တပြေးညီပေးနိုင်မှသာ မိသားစုတစ်စုရဲ့ ကြည်နူးဝမ်းသာပီတိကို တွေ့နိုင်မှာ ဖြစ်လို့ ခုလိုပီတိ သွေးလှူရှင် များ အသင်းကို ဖွဲ့စည်းရခြင်းဖြစ်တယ်” ဟု ၄င်းကပြောသည်။
- ပီတိသွေး သွေးလှူရှင်အသင်းသည် အဖွဲ့ဝင်(၁၀၀)ကျော်ရှိပြီး လူနာ(၆၀၀)ကျော် (၂)နှစ်တွင်း သွေးပုလင်း(၂၆၄၆)လုံး ရှာဖွေပေးနိုင်ခဲ့ပြီး သွေးလှူရှင်တွေကို ကြိုပို့ရန်အတွက် ကားတစ်စီးဝယ်ယူရန် အလှူရှင်များလိုအပ်နေကြောင်း သိရသည်။
- အဆိုပါ ပီတိသွေး သွေးလှူရှင်များအသင်း(၂)ပြည့် အထိမ်းအမှတ်ဆွမ်းတရားနာနှင့် ဂုဏ်ပြု လက်မှတ် ပေးအပ်ခြင်းအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၊ မေတ္တာမွန်၊ မေတ္တာလေညှင်း၊ သင်္ဂဟမေတ္တာလူမှုကူညီရေး၊ အလင်းသစ်၊ ရှမ်းနီလူငယ်၊ ဘီလူးမြို့ လူငယ်စေတနာမွန် လူမှုကူညီရေးအသင်းသားများ တက်ရောက်ခဲ့ကြသည်။





Comments
Post a Comment