ဒေသခံပြည်သူများ၏အခက်အခဲကို ကူညီဖြေရှင်းနိုင်ရန် ဝုန်းမေတ္တာအဖွဲ့မှ ငွေစုငွေချေးလုပ်ငန်းများ ပြုလုပ်ပေး

ဒေသခံပြည်သူများ၏အခက်အခဲကို ကူညီဖြေရှင်းနိုင်ရန် ဝုန်းမေတ္တာအဖွဲ့မှ ငွေစုငွေချေးလုပ်ငန်းများ ပြုလုပ်ပေး

EPN
ဟိုပင် အောက်တိုဘာ ၁၃
  • ကချင်ပြည်နယ် ဟိုပင်မြို့ တကွင်းကျေးရွာ လွယ်ခမ်းကျောင်းတိုက်မှ ဝုန်းမေတ္တာအဖွဲ့ သည် ငွေစုခြင်းငွေချေးခြင်းများကို ဘဏ်စာအုပ်သဖွယ်ပြုလုပ်ကာ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
  • အဆိုပါ ငွေစုငွေချေးပြုလုပ်ပေးနေခြင်းသည် မိမိပါတ်ဝန်းကျင်နှင့် ပူးပေါင်းတတ်စေရန် အခက်အခဲပြဿနာများကို စည်းလုံးညီညွတ်စွာဖြင့် လက်တွဲကူညီဖြေရှင်းတတ်စေရန် စားဝတ် နေရေးနှင့် ကျန်းမာရေးညီညွတ်မျှတမှုရှိလာစေရန် သာရေးနာရေးကိစ္စများတွင် ကူညီဖြေရှင်း နိုင်စေရန်ဖြစ်သည် ဟု ဝုန်းမေတ္တာအဖွဲ့က ဆိုသည်။
  • ဒေသခံများ၏ အခက်အခဲကို ပြေလည်စေရန်နှင့် စားဝတ်နေရေးလူမှုဘ၀ တိုးတက်လာစေရန် ဖွဲ့စည်းလုပ်ပေးခြင်းဖြစ်ပြီး ရန်မှကာကွယ်နိုင်ရန် ဒေသခံပြည်သူများ အိမ်ယာရှိသူများ စသည့် အာမခံချက် ရှိသူများသာ စာအုပ်လုပ်ပိုင်ခွင့်ရှိပြီး ငွေထုတ်ချေးလိုပါက စာအုပ်ပြုလုပ်ထားသူထဲမှ နှစ်ဦးက အာမခံပေး ရသည် ဟု သိရသည်။
  • "ကျွန်တော်တို့က ဒေသခံတွေကို အခက်အခဲဖြစ်ရင် အလွယ်တကူဖြေရှင်းနိုင်အောင် လုပ်ပေးတာပါ ငွေစုတာပဲဖြစ်ဖြစ် ငွေချေးတာပဲဖြစ်ဖြစ် လစဉ်(၁၂)ရက်နေ့မှာ တစ်ရက်ဘဲ လုပ်ပေးတယ် အရေးတကြီးလိုအပ်ရင်တော့ ချက်ချင်းအစည်းအဝေးခေါ်ပြီး လုပ်ပေးတယ်" ဟု ဝုန်းမေတ္တာ ဥက္ကဋ္ဌ ဦးစိုင်းတင်ထွန်းက ပြောသည်။
  • စာအုပ်လက်ဝယ်ရှိသူများသာ ငွေစုငွေချေးပြုလုပ်နိုင်ပြီး ငွေစုသူများက တစ်ရာတိုး တစ်ကျပ်ရရှိပြီး ငွေချေးသူများက တစ်ရာတိုးသုံးကျပ်ပေးရ၍ ရရှိလာသော ငွေတိုးများကို ကျေးရွာ အတွင်း သာရေးနာရေးကူညီရန် သဘာဝဘေးအန္တရာယ် ကျရောက်သူများကို ကူညီရန်အဖွဲ့ အတွက် ရန်ပုံငွေ ဟု ဆိုကာ သုံးပုံခွဲထားကြောင်းသိရသည်။
  • အခုလို ပြုလုပ်ပေးနေသည့်အတွက် ဒေသခံများ အဆင်ပြေနေကြပြီး အခက်အခဲများ ကိုလည်း အလွယ်တကူဖြေရှင်းနိုင်ကြောင်း လက်ရှိစာအုပ်ပြုလုပ်၍ ငွေစုငွေချေးပြုလုပ်သူ (၉၃)ဦးထိ ရှိနေပြီဖြစ် ကြောင်း ယင်းလုပ်ငန်းကို ပြီးခဲ့သည့် နှစ် စက်တင်ဘာလမှ စတင်၍ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
  • "တော်တော်အဆင်ပြေတယ် အရင်က ငွေလိုရင်ဘယ်မှာသွားယူရမလဲ ဘယ်လိုလုပ်ရမလဲ အခက်အခဲအရမ်းဖြစ်တယ် အခုတော့ ဘယ်မှာမှယူလို့မရဘူး ခက်ခဲတာနဲ့ ဝုန်းမေတ္တာကို သွားလိုက်ရင် အဆင်ပြေသွားပြီ" ဟု စာအုပ်ပြုလုပ်ပြီး ငွေစုငွေချေးပြုလုပ်နေသူ ဦးစိုင်းအိုက်ဦးက ပြောသည်။
  • ဝုန်းမေတ္တာကို ၂၀၁၆ စက်တင်ဘာလ (၁၂)ရက်နေ့မှာ လွယ်ခမ်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသ (မိုးညှင်းမြို့နယ် သံဃနာယကအဖွဲ့ဝင်)ကို နာယကအဖြစ် တင်မြောက်ကာ စတင်တည်ထောင်ခဲ့ပြီး စာအုပ်လက်ဝယ်ရှိကာ ငွေစုငွေချေးပြုလုပ်သူ(၉၃)ဦးထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။
                                                                  ချစ်သား


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ