မြစ်ကြီးနားကားကြီးဝင်းအတွင်း ကထိန်ပဒေသာပင်အတွက် အလှူခံမဏ္ဍပ်တည်ဆောက်

မြစ်ကြီးနားကားကြီးဝင်းအတွင်း ကထိန်ပဒေသာပင်အတွက် အလှူခံမဏ္ဍပ်တည်ဆောက်

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၆
  • မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ကားကြီးဝင်းအတွင်း တန်ဆောင်မုန်းလအတွင်း၌ ကထိန် ပဒေသာပင် ခင်းကျင်းကုသိုလ်ရယူရန် အလှူခံမဏ္ဍပ်များတည်ဆောက်ကာ ကြိုတင်ပြင်ဆင် နေပြီဖြစ် ကြောင်း သိရသည်။
  • “ကျနော်ကအသက်အရွယ်ကြီးတဲ့သူဆိုတော့ ကုသိုလ်ရအောင်နဲ့ နောင်လာနောက်သား လူငယ်တွေ လုပ်တတ်ကိုင်တတ်အောင် ရှေ့ဆောင်လမ်းပြလုပ်ကိုင်ပေးတဲ့သဘောပါ။ နောက်များကျရင် ကိုယ်တွေမရှိတော့တဲ့အခါ မလုပ်ပေးနိုင်တော့တဲ့အခါဆိုသူတို့လေးတွေ ကိုယ်တိုင်လုပ်ရရင် လုပ်တတ် အောင် နည်းပေးလမ်းပြကူညီလုပ်ကိုင်ပေးနေတာပါ” ဟု သီတာရပ်ကွက်၊ ကားကြီးဝင်းအတွင်းရှိ အလှူခံ မဏ္ဍပ်မှ နိဗ္ဗာန်ဆော်တစ်ဦးဖြစ်သူယာဉ်ကြီးကြပ်ရေး ကော်မတီဝင် ဦးတင်ရွှေ ကပြောသည်။
  • မြစ်ကြီးနားမြို့၊ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်များကြီးကြပ်ရေးကော်မတီ၊ မော်တော်ယာဉ် အသင်းများနှင့် ဈေးဆိုင်ခန်းများ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ခင်းကျင်းကုသိုလ် ယူရန်အတွက် စက်တင်ဘာလ (၂၉)ရက်မှစတင်ကာ ၄င်းကားကြီးဝင်းအတွင်း၌ အလှူခံမဏ္ဍပ် တည်ဆောက်၍ ကားကြီးဝင်းအတွင်းအလုပ်လုပ်ကိုင်သူများနှင့် ခရီးသွားပြည်သူများမှ လှူဒါန်းငွေများကို လက်ခံကောက်ခံလျှက်ရှိကာအောက်တိုဘာ (၂၉)ရက်၌ ဓမ္မသီတလကောလင်းကျောင်းတိုက်၊ ပမ္မတီး၊ ရွှေပြည်သာရပ်ကွက်သို့ပို့ဆောင် ကုသိုလ်ရယူကြမည်ဖြစ်ကြောင်းသိရသည်။
  •  “ကထိန်သင်္ကန်းလှူတယ်ဆိုတာ ဘာနဲ့မှအဖိုးဖြတ်လို့မရတဲ့ ကုသိုလ်ကောင်းမှုတွေ ရတယ်။ သင်္ကန်းမှမဟုတ်ပါဘူး။ ဘာပဲလှူလှူ ကထိန်မှာလှူတာကတခြားအချိန်မှာလှူတာထက် ကုသိုလ်ပိုရတယ် လို့ ကြားဖူးတယ်။ ဒါကြောင့်လည်းကားကြီးဝင်းကို ရောက်လာတဲ့သူတွေက နဲနဲများများ ကိုယ်တတ် နိုင်သလောက် လှူသွားကြတာပေါ့။ ကားအသင်းတွေကလည်းလှူတယ်။ ခရီးသည်တွေကလည်း လှူကြ တယ်။ ဒါကြောင့် ကားကြီးဝင်းကခင်းတဲ့ ကထိန်ကအရမ်းကြီးကျယ် ခမ်းနားပြီးပီတိအရမ်းဖြစ်ရတယ်။” ဟု ခရီးသည်တစ်ဦးဖြစ်သူ အလှူရှင် ကိုခင်မောင်အေးကပြောသည်။
  • စုပေါင်းမဟာဘုံကထိန်ဆင်ယင်ကျင်းပခြင်းသည် ကထိန်အာနိသင်ခံယူသော ရဟန်းသံဃာများ အတွက် အလွန်မွန်မြတ်ကာအဖိုးမဖြတ်နိုင်သော ကုသိုလ်ကောင်းမှုများရရှိသကဲ့သို့ ကထိန်လျာသင်္ကန်းနှင့် အခြားသော လှူဖွယ်ဝတ္ထုအစုစုကို လှူဒါန်းသောလူပုဂ္ဂိုလ်အတွက်လည်း အလွန်မွန်မြတ်ပြီး ကုသိုလ်ထူး၊ ကုသိုလ်မြတ်များကို ရရှိခံစားရသည်ဖြစ်သောကြောင့် အလှူရှင် ဗုဒ္ဓဘာသာဝင်များမှ လာရောက်လှူဒါန်း ကြသည် ဟု ဆိုသည်။
  • အဆိုပါ ကထိန်ပဒေသာပင်အတွက် ယ.က.တကော်မတီမှ ငွေသိန်း(၂၀)ကျပ်ကို မတည်ပံ့ပိုး ထားပြီး၊ မော်တော်ယာဉ်အသင်းများမှ ယခုအထိပဒေသာပင်(၆၂)ပင် လှူဒါန်းမည်ဟု စာရင်းပေးသွင်း ထားကာ ခရီးသွားပြည်သူများနှင့် အလှူရှင်များ၏ လှူဒါန်းငွေများကို စုပေါင်းကာ ကထိန်ခင်းကျင်းသွားမည် ဖြစ်ကြောင်း၊ ယင်းကထိန်ပွဲသည် မြစ်ကြီးနားမြို့၌ ခင်းကျင်းသော ကထိန်အလှူများထဲ၌ ကားကြီးဝင်းမှ ခင်းသောကထိန်အလှူသည် အကြီးကျယ်ဆုံးသော ကထိန်များထဲတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။
                                                            ဘရန်ဆိုင်း

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ