စေတနာရှင်များက ဟိုပင်ပြည်သူ့ဆေးရုံနှင့် လူမှုကူညီရေးအသင်းသို့ လိုအပ်သည်များလှူဒါန်း
စေတနာရှင်များက ဟိုပင်ပြည်သူ့ဆေးရုံနှင့် လူမှုကူညီရေးအသင်းသို့ လိုအပ်သည်များလှူဒါန်း
EPN
ဟိုပင် အောက်တိုဘာ ၂
- ဟိုပင်မြို့သူ၊ မြို့သားများက ယခုလအတွင်း ကျန်းမာရေး၊ ပညာရေးကိစ္စနယ်ပယ်များတွင် ခါတိုင်း နှစ်များထက် ပို၍အလှူရှင်များ ထွက်ပေါ်လာကြောင်း သိရသည်။
- ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့သူ၊ မြို့သား စေတနာရှင်များက ဟိုပင်ပြည်သူ့ဆေးရုံနှင့် လူမှုကူညီရေးအသင်းသို့ အောက်တိုဘာလအတွင်း လိုအပ်သည်များကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
- "ဟိုပင်မြို့ ဗုဒ္ဓ ဓမ္မ ရက္ခိတ ဖောင်ဒေးရှင်းအဖွဲ့နဲ့ စိုးရတနာ(ရွှေဆိုင်)တို့က ဟိုပင်ပြည်သူ့ဆေးရုံ အတွက် လိုအပ်တဲ့ ဆေးရုံသုံးစက်ပစ္စည်းများကို လာရောက်လှူဒါန်းတယ်" ဟု Dr. ဆုလတ်ဖြူက ပြောသည်။
- ယနေ့ နံနက်က ဟိုပင်ပြည်သူ့ဆေးရုံအတွက် လိုအပ်လျှက်ရှိသော ဆေးရုံသုံးစက်ပစ္စည်းများဖြစ်သော Oxygen Concentrator ၁ လုံး၊ Suction Machine ၂ လုံး၊ Nebulizer ၁ လုံး၊ စုစုပေါင်း စက်ပစ္စည်း ၏တန်ဖိုးမှာ ကျပ်တစ်ဆယ့်ငါးသိန်းတို့ကို ဟိုပင်မြို့ ဗုဒ္ဓဓမ္မ ရက္ခိတ ဖောင်ဒေးရှင်းအဖွဲ့နှင့် စိုးရတနာ (ရွှေဆိုင်)တို့မှ လာရောက်လှူဒါန်းရာ Dr. မျိုးဝေနှင့် အဖွဲ့ကလက်ခံရယူပြီး အလှူရှင်မှတ်တမ်းရေးထိုးကြောင်း သိရသည်။
- ထို့အပြင် အောက်တိုဘာ ၁ ရက်နေ့ကလဲ လူမှုကူညီရေးအသင်း(အရေးပေါ်ကား)တွင် အသုံးပြုရန်အတွက် အောက်စီဂျင်ဘူး ၁ဗူးကို မြို့မတောင်ရပ်နေ ဦးစောသိန်းဝင်းနှင့် ဇနီး ဒေါ်ချိုမာ မိသားစုမှ လာရောက် လှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးတင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့သည်။
- ဆက်လက်၍ အဝေးရောက်ဟိုပင်သားများဖြစ်သော ရန်ကုန်မြို့နေ ဦးမြင့်ဝင်းနှင့် ဇနီး ဒေါ်ဆန်းမေ (မိသားစု) သား စိုင်းကောင်းထက်ဝင်း မွေးနေ့ကုသိုလ်အတွက် ငွေကျပ် တစ်သိန်းတိတိ လာရောက်လှူဒါန်း ရာ ဥက္ကဋ္ဌ ဦးတင်ဝင်းမှ လက်ခံရယူပြီး ဦးစိုးတင့်က ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။


Comments
Post a Comment