ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် မိမိဒေသကို ချစ်မြတ်နိုးတဲ့စိတ်တွေနဲ့ အစစအရာရာဖျက်ဆီး နှောက်ယှက် နေတဲ့အဖျက်သမားရန်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားခြင်းဖြစ်သည် ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A)မှ ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်အေးကပြော

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် မိမိဒေသကို ချစ်မြတ်နိုးတဲ့စိတ်တွေနဲ့ အစစအရာရာဖျက်ဆီး နှောက်ယှက် နေတဲ့အဖျက်သမားရန်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားခြင်းဖြစ်သည် ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A)မှ ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်အေးကပြော

EPN
ဖားကန့် စက်တင်ဘာ ၂၁
  • ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် မိမိဒေသကိုချစ်မြတ်နိုးတဲ့စိတ်တွေနဲ့ အစစအရာရာဖျက်ဆီး နှောက်ယှက်နေတဲ့ အဖျက်သမားရန်ကို ကာကွယ်ဖို့ဖွဲ့စည်းထားခြင်းဖြစ်သည် ဟု ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့(S.E.A)မှ ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်အေးက ပြောသည်။
  • ဖားကန့်မြို့နယ် ရှဒူစွပ်ကျေးရွာတွင် အမှတ်၂၉၇ ခြေလျှင်တပ်ရင်းခန်းမ၌ စက်တင်ဘာလ ၂၁ရက် နံနက် (၉)နာရီတွင် ကျင်းပခဲ့သော ပြည်သူ့စစ်တိုက်ပွဲဝင်အခြေခံသင်တန်းအား တက်ရောက်ခဲ့ရာ ပြည်သူ့ စစ် တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် အားပေးစကားပြောကြားရာတွင် ဦးစိုင်းခင်မောင်အေးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
  • ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A)မှ ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်အေးက "အခုဆိုရင်တဆင့်ထက် တဆင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ရင့်ကျက်၍လာပါပြီ မိမိဒေသကိုချစ်မြတ်နိုးတဲ့စိတ်တွေနဲ့ ကိုယ့်အမျိုး အတွက် ကိုယ့်ဒေသအတွက်၊ ကိုယ့်ရပ်ရွာအတွက်၊ ကိုယ့်တိုင်းပြည်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ကြီးကြီး ထားရှိပြီး နယ်မြေဒေသ အခြေအနေပေါ် မူတည်ပြီတော့ ဋ္ဌာနေပြည်သူ့စစ်ကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့စ၍ ကြီးကြပ်ပြီး တိုးချဲ့ဖွဲ့စည်းလာခဲ့တာပါ" ဟု ပြောသည်။
  • ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် မိမိဒေသကိုချစ်မြတ်နိုးတဲ့ စိတ်တွေနဲ့ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့အတွက် အစစအရာရာ ဖျက်ဆီးနှောက်ယှက်နေတဲ့ အဖျက် သမားရန်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားခြင်းဖြစ်သည် ဟု သိရသည်။
  • "အခုဆိုရင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် မိမိဒေသကိုချစ်မြတ်နိုးတဲ့ စိတ်တွေနဲ့ကိုယ့်ဒေသ ဖွံ့ဖြိုး တိုးတက်ဖို့၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ အစစအရာရာ ဖျက်ဆီးနှောက်ယှက်နေတဲ့ အဖျက်သမား ရန်ကို ကာကွယ်ဖို့ သူတို့တစ်ဦးချင်းစီးမှာ ခံယူချက်တွေ ယုံကြည်ချက်တွေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင် လာလို့ ခုလိုသက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်ကို တင်ပြ၍ ဖွဲ့စည်းထားခြင်းဖြစ်တယ်" ဟု ၄င်းမှ ဆက်လက် ပြောကြားခဲ့သည်။
  • ကချင်ပြည်နယ်တွင် မိမိဒေသကိုချစ်မြတ်နိုးတဲ့စိတ်တွေနဲ့ ကိုယ့်အမျိုးအတွက်၊ ကိုယ့်ဒေသ အတွက်၊ ကိုယ့်ရပ်ရွာအတွက်၊ ကိုယ့်တိုင်းပြည်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ထားရှိပြီး ဋ္ဌာနေပြည်သူ့စစ်တပ် ဖွဲ့များကို ၂၀၁၄ခုနှစ်ဖေဖော်ဝါရီလ (၃)ရက်နေ့စ၍ ကြီးကြပ်ပြီးတိုးချဲ့ ဖွဲ့စည်းနေခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် မြန်မာပြည်မြောက်ပိုင်းရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A)မှ သိရသည်။
                                                           မင်းမင်း




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ