မိုးကောင်းမြို့နယ်၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)မှကျေးရွာအရောက် ရွေ့လျားဝန်ဆောင်မှုပေး
မိုးကောင်းမြို့နယ်၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)မှကျေးရွာအရောက် ရွေ့လျားဝန်ဆောင်မှုပေး
EPN
မိုးကောင်း၊ စက်တင်ဘာ ၂၁
- မိုးကောင်းမြို့နယ်၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)မှကျေးရွာအရောက် ရွေ့လျားဝန်ဆောင်မှု (Mobile Deleviry)အနေဖြင့် ပင်းဘောကျေးရွာတွင် ဝန်ဆောင်မှုပေးခဲ့ကြောင်းသိရသည်။
- ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)မှ စက်တင်ဘာ ၂၁ရက် နံနက် ၉နာရီခွဲအချိန်မှ ၄နာရီခွဲအချိန်အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စုစုအေး ဦးဆောင်သောအဖွဲ့သည် မိုးကောင်းမြို့ နယ်ပင်းဘောကျေးရွာအုပ်စု ပင်းဘောဘုန်းတော်ကြီးကျောင်းတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စုစုပေါင်း (၂၃၁)ခုအား နေ့ချင်းပြီး ဝန်ဆောင်မှုပေးခဲ့သည်။
- ယနေ့ ဝန်ဆောင်မှုပေးခြင်းအပေါ် ပင်းဘောဒေသခံ ဦးထွန်းမြင့်မှ "ကျေးရွာမှာလိုအပ်နေတဲ့ အရာတွေကို ရွာထိလာရောက်လုပ်ပေးတာ ကျေးဇူးတင်မဆုံးဘူးဗျာ။ ခုလိုလိုအပ်ချက်ကို မြို့သွားလုပ်ဆို ဘယ်မှာဘယ်လိုသွားလုပ်ရမယ်ဆိုတာ နားလည်တဲ့သူကသိပ်မရှိဘူးဗျ" ဟု ပြောကြားခဲ့သည်။
- (OSS)ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လဝက၊ စည်ပင်သာယာ၊ မြေစာရင်း၊ ပြည်တွင်းအခွန်၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနအစရှိသော ဌာနကြီး(၈)ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မိုးကောင်းမြို့နယ် အခြေစိုက်ရုံးကို မိုးကောင်းတံတားတောင်ဘက် နန့်ကောင်းရိပ်သာဝင်းအတွင်း ထားရှိပြီး ပြည်သူ့လိုအပ်ချက်များကို (အခမဲ့)နေ့ချင်းပြီး ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။



Comments
Post a Comment