မြစ်ကြီးနားတွင် ရဲတပ်သားတစ်ဦး ဘုန်းကြီးကျောင်းဝင်းအတွင်း မူးယစ်ဆေးသုံးစွဲရာမှ သေဆုံးမှုဖြစ်ပွား
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၁
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်အတွင်းရှိ အိမ်သာအတွင်း ရဲတပ်သားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရာမှ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောသည်။

“သေဆုံးသူက ဗလမင်းထင်တံတားနားက စီတာပူရဲကင်းက ရဲတပ်သားပါ အခင်းဖြစ်တဲ့ ဘုန်းကြီး ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ သူ့သူငယ်ချင်းဆီသွားရင်း ဖြစ်သွားတာပါ” ဟု၎င်းကပြောသည်။  

စက်တင်ဘာလ ၁၁ရက် နံနက်၁၀နာရီခန့်တွင် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဝန်းသိုကျောင်းတိုက်အတွင်းရှိ အများသုံးအိမ်သာ ၆ခန်းတွဲအတွင်း၌  ရဲတပ်သား ကျော်ဇင်မှာ မူးယစ်ဆေးဝါး သုံးစွဲရာမှ သေဆုံးနေကြောင်းသိရှိရသဖြင့် မြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ် ကျော်မျိုးသိန်းမှ သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါအိမ်သာ၏ ဘေးရေကန်ပေါ်၌ ဆေးထိုးအပ်တစ်ချောင်းနှင့် ကော်ဘူးခွံ တစ်ခုအားတွေ့ရှိ ရပြီး သိမ်းဆည်းကာ အလောင်းအား မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ရင်ခွဲစစ်ဆေးလျှက်ရှိ ကြောင်း သိရသည်။
အဆိုပါ ရဲတပ်သားမှာ စီတာပူရဲကင်းစခန်းမှ မြစ်ကြီးနားတရားရုံးသို့ ရုံးထုတ်တာဝန်ကျ ထမ်းဆောင်ရန်အတွက် လွှတ်လိုက်ရာ တရားရုံးသို့ မသွားဘဲ ဘုန်းကြီးကျောင်းအတွင်း တာဝန်ကျနေ သော ၎င်း၏သူငယ်ချင်းဖြစ်သူ ရဲတပ်သား နေလင်းအောင်ထံသွား၍ အိမ်သာတက်ချင်ကြောင်း ပြောပြီး အိမ်သာအတွင်း နာရီဝက်ခန့်ကြာသော်လည်း ပြန်ထွက်မလာသောကြောင့် သွားရောက်ကြည့်ရှုရာမှ အိမ်သာအတွင်း သေဆုံးနေကြောင်း မြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရှိရသည်။
မီးမီး

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ