နိုင်ငံရေးမတည်ငြိမ်မှုအပေါ် KIO/KIA အနေဖြင့်ဒေသခံ ပြည်သူလူထုအား အမြတ်မထုတ်ရန်လိုကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ အတွင်းရေးမှူးပြော
နိုင်ငံရေးမတည်ငြိမ်မှုအပေါ် KIO/KIA အနေဖြင့်ဒေသခံ ပြည်သူလူထုအား အမြတ်မထုတ်ရန်လိုကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ အတွင်းရေးမှူးပြော
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၂
- "နိုင်ငံရေးမတည်ငြိမ်မှုအပေါ် KIO/KIA အနေဖြင့် ဒေသခံပြည်သူလူထုအား အမြတ်မထုတ်ရန် လိုအပ်ကြောင်း" မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A)မှ အတွင်းရေးမှူး ဦးစိုင်းထွန်းရင် ကပြောသည်။
- ကချင်ပြည်နယ်၌ လက်ရှိအခြေအနေတွင်တပ်မတော်နှင့် KIA တို့တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေမှုအပေါ် KIAမှ ကျေးရွာများအနီး မြေမြုပ်မိုင်းထောင်လာမှုကြောင့် ဒေသခံပြည်သူများ မိုင်းဒဏ်ရာ ခံစားရသလို အသက်ဆုံးရှုံးနေရသူများရှိနေ၍ ခုလိုပြောဆိုလိုက်ခြင်းဖြစ်သည်။
- တပ်မတော်နှင့် KIA တို့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုကြောင့် KIA မှ ကျေးရွာများအနီး မြေမြုပ်မိုင်းထောင်လာမှုများရှိ၍ ဒေသခံပြည်သူများ မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသလို အသက် ဆုံးရှုံးမှုများနှင့်လည် ကြုံတွေ့နေရခြင်းဖြစ်၍ နိုင်ငံရေးမတည်ငြိမ်မှုအပေါ်KIO/KIA အနေဖြင့် ဒေသခံ ပြည်သူလူထုအား အမြတ်မထုတ်ရန်လိုအပ်တယ်" ဟု ဦးစိုင်းထွန်းရင်ကပြောသည်။
- နိုင်ငံရေးမတည်ငြိမ်မှုအပေါ် KIO/KIA အနေဖြင့် ကျေးရွာများအနီး မြေမြုပ်မိုင်းထောင်လာ မှုကြောင့် ဒေသခံပြည်သူများတွေမြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသလို ဒေသခံပြည်သူလူထု အသက်ဆုံးရှုံးမှုများနှင့်လည်း ရင်ဆိုင်နေရခြင်း ဖြစ်သည်။
- "ပြည်သူတစ်ယောက်အနေနဲ့ သေချာစဉ်စားကြည့်ပါ ဒီဒေသမှာမွေး ဒီဒေသမှာကြီးတဲ့ ပြည်သူ တစ်ယောက်အနေနဲ့ ဒီဒေသမှာရှိတဲ့ အခင်း၊ တောင်ယာ၊ လယ်ကွင်း၊ မြစ်ချောင်းအင်အိုင်တွေကို သွားလာလို့မရအောင် KIAမှ မြေမြုပ်မိုင်းတွေထောင်လာတယ် နောက်ပြီး ဒေသခံတွေ သွားလာဖို့ ခက်ခဲအောင် ဟိုနေရာမသွားရ ဒီနေရာမသွားရဆိုပြီ ကန့်သတ်လာတယ် ဆိုတော့ ဒီဒေသမှာရှိတဲ့ ပြည်သူတွေ လက်လုပ်လက်စားတွေ ဘာနဲ့စားမလဲ။ ဘဝရှေ့ရေအတွက်ဘာတွေ လုပ်ကိုင်စားသောက် ရမလဲ " ဟု ၄င်းမှဆက်ပြောသည်။
- မိုးကောင်းမြို့နယ် မြို့သစ်ကြီးကျေးရွာ လျှော်ဖြူကုန်းရပ်ကွက်နေသူ မချိုသဲနှင့် ဦးထွန်းထွန်းဝင်း တို့ လင်းမယားနှစ်ဦးသည် စက်တင်ဘာလ(၁၅)ရက် နံနက်(၉)နာရီတွင် ဝါးရုံတောတွင် မျှစ်ချိုးနေစဉ် KIAထောင်ထားသော နင်းမိုင်(၁)လုံး နင်းမိ၍ ပေါက်ကွဲခဲ့ရာ မချိုသဲတွင် ဝဲဘက်ခြေမျက်စိအောက်ပိုင်း စုတ်ပြတ်/ပြတ်ထွက် ဒဏ်ရာရရှိခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(SEA)၏ မှတ်တမ်းအရ သိရသည်။

Comments
Post a Comment