KIAအနေဖြင့် ပြည်သူများထံမှ ဆက်ကြေးကောက်ခံနေခြင်းသည် လူထုကို ဒုက္ခပေးခြင်းဖြစ်ကြောင်း ရှမ်းနီခေါင်းဆောင်ကပြောကြား

KIAအနေဖြင့် ပြည်သူများထံမှ ဆက်ကြေးကောက်ခံနေခြင်းသည် လူထုကို ဒုက္ခပေးခြင်းဖြစ်ကြောင်း ရှမ်းနီခေါင်းဆောင်ကပြောကြား

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၆
  •     ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေအဖွဲ့မှ ခရီးသည်ပြည်သူလူထုများထံမှ လက်နက်ကိုင် ဆက်ကြေးကောက်ခံနေခြင်းသည် လူထုကို ဒုက္ခပေးခြင်းသက်သက်ပင် ဖြစ်ကြောင်း ရှမ်းနီအဖွဲ့ခေါင်း ဆောင် ဦးစန်းဝေက ပြောကြားသည်။
  •     လက်ရှိ မြစ်ကြီးနားနှင့် တနိုင်းလမ်းမပေါ်ရှိ ကားမိုင်းမြို့အနီး ဒွန်ဘန်ရွာနှင့် လ၀ါးရွာကြား ကွန်စိုင်ယန်ရွာထိပ်၌ ယခုရက်ပိုင်း ကေအိုင်အေအဖွဲ့မှ တနိုင်းဘုန်းကြီးကျောင်း ဆရာတော်နှင့် ခရီးသွား ပြည်သူများထံမှ ဆက်ကြေးကောက်ခံနေသည့်အပေါ် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
  •     “ကေအိုင်အေရဲ့ ယုံကြည်ချက်ဟာ အခြားတိုင်းရင်းသားတွေရဲ့ ယုံကြည်ချက်မဟုတ်ပါဘူး။ သူတို့ရဲ့ ယုံကြည်ချက်ကို တခြားပြောစရာမရှိပေမယ့် တခြားတိုင်းရင်းသားတွေနှင့် လူထုကို ဒုက္ခမပေးပါနဲ့။ ဘာသာရေးခေါင်းဆောင်တွေတောင် ဆက်ကြေးကောက်လက်မှတ်ထိုးခိုင်းတယ်ဆိုတော့ ကေအိုင်အေက ဘာမိသားစုစိတ်ဓာတ်လဲ” ဟု ၄င်းက ပြောသည်။
  •     ကချင်လက်နက်အဖွဲ့အနေဖြင့် မြစ်ကြီးနားနှင့် တနိုင်းလမ်း လီဒိုလမ်းမကြီးပေါ် ခရီးသွား ပြည်သူ များထံမှ ဆက်ကြေးကောက်ခံနေမှုကြောင့် ဒေသခံပြည်သူများအနေဖြင့် ခရီးနှောက်နှေးကြန့်ကြာမှုများ ရှိနေပြီး သွားလာရေး အဆင်မပြေမှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။
  • "အခုကဘုန်းတော်ကြီးတပါးကိုဆက်ကြေးကောက်တယ်ဆိုတာ မလုပ်သင့်သလို ဘယ်အဖွဲ့စည်းမှ ဒီလိုလုပ်တာမရှိဘူး။ ကချင်ပြည်နယ်ဆိုပြီး သဘောထား သေးသိမ်စွာ လုပ်ချင်ရာ လုပ်နေတဲ့ ကေအိုင်အေတွေအနေနဲ့ ခုလိုမျိုးလုပ်ရပ်တွေကို ရပ်တန့်ဖို့လိုပြီ "ဟု ၄င်းကဆက်ပြောသည်။
  • ကချင်ပြည်နယ်ငြိမ်းချမ်းဖို့ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားတွေရဲ့အသံကို နားထောင်ရင် စစ်မှန်သော ထာဝရငြိမ်းချမ်းရေး လမ်းကြောင်းပေါ် တိုင်းရင်းသားများနှင့်အတူ လျှောက်လှမ်း နိုင်မည် ဟု ၄င်းက ဆက်ပြောသည်။
                                                           sai seng min

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ