မိုးညှင်းတွင် IT နည်းပညာ ကျွမ်းကျင်သူ ဆရာတစ်ဦးမှ မိုးညှင်းမြို့နယ်အတွင်းရှိ သတင်းထောက်များအား ပညာဒါနလှူဒါန်း

မိုးညှင်းတွင် IT နည်းပညာ  ကျွမ်းကျင်သူ ဆရာတစ်ဦးမှ မိုးညှင်းမြို့နယ်အတွင်းရှိ သတင်းထောက်များအား ပညာဒါနလှူဒါန်း

EPN
မိုးညှင်း၊ စက်တင်ဘာ ၂၇
  • မိုးညှင်းမြို့နယ်အတွင်းရှိ  သတင်းထောက်များအား IT နည်းပညာ  ကျွမ်းကျင်သူ ဆရာတစ်ဦးမှ မိုးညှင်းမြို့နယ်အတွင်းရှိ သတင်းထောက်များအား ပညာဒါနအဖြစ် IT ပညာရပ်များကို (၇)ရက် သင်တန်း အဖြစ် အခမဲ့သင်ကြားပေးနေကြောင်းသိရသည်။
  • အဆိုပါ သင်ကြားပေးသူမှာ မိုးညှင်းမြို့၊ နမီးစုရပ်ကွက်နေ Call – 1 မိုဘိုင်းဆားဗစ်နှင့် သင်ကြား ရေး ဆိုင်ဖွင့်လှစ်ထားသော ဆရာ ကိုဝင်းမောင်ထွန်းဖြစ်ကြောင်းသိရသည်။
  • ပြောင်းလဲလာသည့် ခေတ်စနစ်အရ  IT နည်းပညာရပ်များဖြစ်သည့် အင်တာနက်ဝက်ဆိုက်များ အတွင်း ၀င်ရောက်လေ့လာနိုင်ရန်နှင့် အသုံးပြုပုံတို့ကို သတင်းထောက်များ အနေနှင့် ကျွမ်းကျင်စွာ တတ်မြောက် အသုံးချနိုင်ကြစေဖို့ ရည်ရွယ်ပြီးအခမဲ့သင်ကြားပေးနေကြောင်းသိရသည်။
  • “သတင်းလုပ်နေကြတဲ့သူတွေ၊ လူမှုရေးလုပ်တဲ့သူနဲ့ အစိုးရ၀န်ထမ်း အချို့ကိုသင်ကြားပေးနေတာ ပါ အင်တာနက်နဲ့ ပါတ်သက်ပြီး အီးမေးတစ်ခုက ဘယ်လောက်အရေးပါသလဲ Facebook အကောင့်တွေကို သူတပါးဖျက်ဆီးလို့မရအောင် ခိုင်မာအောင် ဘယ်လိုတည်ဆောက်ရမလဲ ဖျက်ဆီးခံခဲ့ရရင် ဘယ်လို ပြန်လည် ဆယ်ယူမလဲဆိုတဲ့   ပညာတွေကို မျှဝေပေးတာပါ  သတင်းသမားတွေက ကျွမ်းကျင်စွာ အသုံးပြု တတ်ပြီး နောင်တက်လာမဲ့လူငယ်တွေဆီကိုပြန်လည် မျှဝေပေးစေချင်လို့ပါ” ဟု Call – 1 မိုဘိုင်းဆားဗစ် နှင့်သင်ကြားရေးဆိုင်ဖွင့်လှစ်ထားသူကိုဝင်းမောင်ထွန်း မှ ပြောသည်
  • အဆိုပါ သင်ကြားပေးမှုအပေါ် ပြည်သူအတွက်  တစ်ဖက်တစ်လှမ်းကနေ အကျိုးပြုနေသည့် IT ပညာရှင်များ ပေါ်ပေါက်လာသဖြင့် ကျေးဇူးတင်ရှိကြောင်း သင်တန်းသားတစ်ဦးကပြောသည်။
  • “သတင်းသမားတွေက ပြည်သူတွေကိုအကျိုးပြုနေပေမဲ့ ခေတ်စနစ်အရတိုးတက်လာတဲ့ အင်တာနက်ကို ဘယ်လောက်အထိကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တယ်ဆိုတာ  မသိနိုင်ကြဘူး ပြည်သူတွေ အတွက် အသိပညာတွေ မျက်စိဖွင့်ပေးပြီး ကူညီနေတဲ့ သတင်းသမားတွေနဲ့ လူမှုရေးပရဟိတအဖွဲ့က လူငယ်တွေကို စေတနာသန့်သန့်နဲ့ သင်ကြားပေးနေတာတွေ့ရတော့ အထူးဝမ်းမြောက် ကျေးဇူးတင်မိ ပါတယ်” ဟု သင်တန်းသားဖြစ်သူ ကိုမျိုးက ပြောသည်။
  • မိုးညှင်းမြို့နယ်အတွင်း မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မော်ဟန်ဒေသ၊ နန်းမားဒေသနှင့် အင်းတော်ကြီး ဒေသရှိ  သတင်းထောက်များနှင့် လူမှုရေးအဖွဲ့ဝင်စုစုပေါင်း(၁၃)ဦးတို့အား စက်တင်ဘာ၂၃ရက်နေ့မှ စတင်ကာ စက်တင်ဘာ၂၉ ရက်နေ့အထိ အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
                                                              သူရ



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ