ဓားဖြင့်ငါးချက်အထိုးခံရပြီး ဒဏ်ရာရရှိကာ လူငယ်တစ်ဦး အထူးကြပ်မတ်ကုသဆောင်တွင် ကုသနေ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄
  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်နှင့် ဒူကထောင်ရပ်ကွက်အကြား အ.ထ.က၅ ကျောင်းအနီးတွင် ဓားဖြင့် ငါးချက်အထိုးခံရပြီး ဒဏ်ရာရရှိကာ လူငယ်တစ်ဦး အထူးကြပ်မတ်ကုသဆောင် တွင် ကုသနေရကြောင်း မြို့မရဲစခန်းမှ သိရသည်။
  • “လောလောဆယ် လူနာကဆေးရုံမှာပါ  ဒဏ်ရာအခြေအနေကြောင့်လား ကြောက်သွားတာလား တော့မသိဘူး စကားမပြောနိုင်ဘူး” ဟု မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
  • ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ရက် ည၁၁နာရီခန့်တွင် သီတာရပ်ကွက်နှင့် ဒူကထောင်ရပ်ကွက် အကြား အ.ထ.က၅ အနီးတွင် မောင်ဆွတ်ရိန်(၁၈နှစ်)သည် သူငယ်ချင်းများနှင့် ထိုင်၍ စကားပြောနေစဉ် လူတစ်ဦးမှ နောက်ကျောကို ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
  • ကျောကုန်းတွင် လက်မဝက်ခန့် ဓားထိုးဒဏ်ရာ၅ချက်ဖြင့် မည်သူထိုးသည်ကို မသိရှိရသဖြင့် သူငယ်ချင်းဖြစ်သူ ဘောက်ဒီးဆိုင်းမှ မြစ်ကြီးနား ဆေးရုံကြီးသို့ လိုက်ပို့ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။
  •  လူနာ၏ အဒေါ်ဖြစ်သူ ဒေါ်ခွန်မိုင်မှ တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့သဖြင့် မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၂၆ (ဘေးဖြစ်စေတတ်သောလက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
                                                                မီးမီး


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ