``သတင်းအရ ရှာဖွေရာမှ မူးယစ်ဆေးဝါးများဖမ်းမိ´´

EPN
မိုးကောင်း|စက်တင်ဘာ -၆

မိုးကောင်းမြို့နယ်၊နမ္မတီးမြို့၊မြို့ဦးရပ်ကွက်တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းရှာဖွေရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရ ရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၅ ရက်၊နေ့ခင်းပိုင်းက မြစ်ကြီးနား၊မိုးညှင်းနှင့် နမ္မတီးနယ်မြေရဲစခန်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသ တင်းရရှိသဖြင့် စောင့်ဆိုင်းနေစဉ်မြစ်ကြီးနားမှ မိုးကောင်းသို့ ပြန်လာသော ဦးဂျေဇာဂျက်ခီ၊ (၂၇) နှစ်နှင့်ဒေါ်နန်ဘူ၊(၂၂)နှစ်တို့၏ ဆိုင်ကယ်အား မသင်္ကာဖွယ်ရာ တွေ့ရသဖြင့် တားဆီးစစ်ဆေးခဲ့ရာ ဦးဂျေဇာဂျက်ခီဝတ်ဆင်ထားသော ပုဆိုးခါးပုံစအတွင်းမှ ဘိန်းဖြူ ဟုယူဆရသော ဖြူ /ဝါကြားအမှုန့် (၀.၃) ဂရမ်စီပါ ကော်ဗူး (၂၀) ကို တွေ့ရှိသိမ်းဆည်းမိခဲ့ကြောင်း သိရသည်။
ဦးဂျေဇာဂျက်ခီအား ဆက်လက်စစ်မေးရာ ၎င်း၏ နေအိမ်တွင်လည်း ကျန်ရှိသေးကြောင်း ဝန်ခံပြော ကြားချက်အရ မြို့ဦးရပ်ကွက်ရှိ ၄င်း၏နေအိမ်အား မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းကုတင်ပေါ်မှ ဘိန်းဖြူ ဟု ယူဆရသော အမှုန့်များပါသည့် ကော်ဗူး (၂၀) နှင့် (၁.၅) ဂရမ်ပါ အထုပ်တစ်ထုပ်ကို ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

မူးယစ်ဆေးလက်ဝယ်တွေ့ရှိသူ ဦးဂျေဇာဂျက်ခီနှင့် ဒေါ်နန်ဘူတို့နှစ်ဦးအား နမ္မတီးနယ်မြေရဲစခန်းတွင် မယ(ပ)၂၃/၂၄/၂၀၁၇၊မူးစိတ်ပုဒ်မ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
 

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ