ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး




မြစ်ကြီးနား စက်တင်ဘာ ၆
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရိပ်သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စက်တင်ဘာလ ၆ရက်နေ့ နံနက် ၉ နာရီက ၂နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
"ကျမတို့က လစဉ်လဆန်းပိုင်းဆိုကျမတို့ အပိုင်ရပ်ကွက်တွေမှာ ကွင်းဆင်းဆောင်ရွက်ပေးပါတယ်   ကလေးငယ် ၁၀၀ ဝန်းကျင်နဲ့ ကိုယ်ဝန်ဆောင်မိခင် ၁၀ ဦးခန့်လောက်တော့ အမြဲကုသဆောင်ရွက်ပေးနေ ရပါတယ်" ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်ကလေးစောင့်ရှောက်ရေးဌာနမှ ဆရာမကြီး ဒေါ်ဂျီမေရမ်ကပြောသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်ကလေးကျန်းမာရေးဌာနမှ ဆရာမကြီး ဒေါ်ဂျီမေရမ်၊ ဆရာမဒေါ်မဂျီထုရော်နှင့် ကျန်းမာရေးဝန်ထမ်းများမှ၂နှစ်အောက်ကလေးငယ်များ ပိုလီယို ဝက်သက်ဂျိုက်သိုး  ပြင်းထန်အဆုပ်ရောင် ၅မျိုးစပ် BCG ပြင်းထန်တီဘီဝက်သက်ပိုလီယိုအစက်ချဆေးများ တိုက်ကျွေးထိုးနှံခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
                                           
အညာသား

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ