သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုညွှန်ချုပ်မှ မြစ်ကြီးနားမြို့သို့ လာရောက် ဆွေးနွေး
သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုညွှန်ချုပ်မှ မြစ်ကြီးနားမြို့သို့ လာရောက် ဆွေးနွေး
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၉
- သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုညွှန်ချုပ်မှ မြစ်ကြီးနားမြို့သို့ လာရောက် ဆွေးနွေးခဲ့ကြောင်းသိရသည်။
- ကချင်ပြည်နယ်ရှိ သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ကချင်ပြည်နယ် သမဝါယမဦးစီးဌာနရုံး၊ ဆွတ်ဂျာအိန်ခန်းမ၌ ၂၀၁၇ခု၊ စက်တင်ဘာ (၂၈)ရက်၊ နံနက်(၉)နာရီမှ စတင်ကာ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်မှ ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်တင်နှင့် ကချင်ပြည်နယ် သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူးနှင့် တကွ ပြည်နယ်ရုံးအမှုထမ်း၊ အရာထမ်းများ၊ မြို့နယ် သမဝါယမဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်းများ၊ သမဝါယမအသင်းစုများ၏ တာဝန်ရှိလူကြီးမင်းများ စုစုပေါင်း(၃၀)ဦးခန့်နှင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။
- “သမဝါယမဝန်ထမ်းတွေ၊ အသင်းစုကဝန်ထမ်းတွေ အနေနဲ့ စာရင်းစစ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက် ထားဖို့လိုပါတယ်။ စာရင်းအင်းပညာတတ်မြောက်ဖို့ ကျွမ်းကျင်ဖို့ ကြိုးစားကြရမယ်။ သမဝါယမအသင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် သမဝါယမရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုတဲ့ သမဝါယမရဲ့ သမိုင်းကြောင်းအစဉ်အလာနဲ့ ဖြစ်ပေါ်လာပုံတွေကို သိထားဖို့လိုပါတယ်။ သမဝါယမရဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ ဒါမှ သမဝါယမရဲ့ ရည်ရွယ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်တွေကို သိရှိနားလည်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ကိုင်ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်။” ဟု သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မြင့် ကပြောသည်။
- သမဝါယမဆိုသည်မှာလွန်ခဲ့သော နှစ်ပေါင်း(၄၀)ကျော်ခန့်မှ စတင်ကာပေးပေါက်ခဲ့ပြီး နိုင်ငံတော် နှင့် ပြည်သူတို့၏ အကျိုးစီးပွားအတွက် မားမားမတ်မတ်ရပ်တည်နေသော ဌာနတစ်ခုဖြစ်သောကြောင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ရန် အလွန်အရေးကြီးသည့် ဌာနတစ်ခုဖြစ်သည်နှင့်အညီ ဌာနတိုးတက်ရန်အတွက် အသင်းစုများတိုးတက်ရန်လည်း လိုအပ်သည် ဟု ဆိုသည်။
- “သမဝါယမအသင်းတစ်ခု စတင်ဖွဲ့စည်းတည်ထောင်ပြီဆိုတာနဲ့ အသင်းမှာကော်မတီဘယ်နှဦး ထားမလဲဆိုတာက စပြီးလိုလာပြီ။ အခုသမဝါယမအသင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဖွဲ့ငါးဖွဲ့ ဖွဲ့ထား ပါတယ်။ ဒုညွှန်ချုပ်နှစ်ယောက်ကတစ်ဖွဲ့စီ၊ ညွှန်ကြားရေးမှူး သုံးယောက်ကဦးဆောင်ပြီးမှ တစ်ဖွဲ့စီသုံးဖွဲ့ ဖွဲ့ထားပါတယ်။ စုစုပေါင်း(၅)ဖွဲ့နဲ့ သမဝါယမအသင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ကို ကြိုးစားလုပ်ဆောင်သွားဖို့ ရှိပါတယ်။” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင် ကပြောသည်။
- သမဝါယမအသင်းများကို စက်မှုတော်လှန်ရေးကာလအတွင်း၌ အလုပ်သမား၊ လယ်သမား၊ လက်လုပ်လက်စားများကို အခြေခံကာပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အခါကာလအထိ နှစ်ပေါင်း (၄၀)ကျော် (၅၀)နီးပါးရှိလာပြီဖြစ်ကြောင်းသိရသည်။
- မြန်မာနိုင်ငံရှိ သမဝါယမဦးစီးဌာနအနေနှင့် ပြည်သူလူထုများ၏ စားဝတ်နေရေး အဆင်ပြေ စေရန်အတွက် ယခင်အစိုးရလက်ထက်၌လည်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအစဉ်ဖြင့် ချေးငွေများ ထုတ်ချေးပေးခြင်း၊ အလုပ်သမား၊ လယ်သမားနှင့် လက်လုပ်လက်စား၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်များ အတွက် အရင်းအနှီးရစေခြင်းဌာ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ ချေးပေးခြင်းစသည့် လုပ်ငန်း များကို ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
- လယ်သမားများအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် လက်တွန်းထွန်စက်များ၊ လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။






Comments
Post a Comment