မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းဆရာတော်ကြီး၏ တစ်ဘဝသာသနာခရီး မှတ်တမ်းစာအုပ် နောက်လတွင် ထွက်ရှိမည်

မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းဆရာတော်ကြီး၏ တစ်ဘဝသာသနာခရီး မှတ်တမ်းစာအုပ် နောက်လတွင် ထွက်ရှိမည်

EPN
မြစ်ကြီးနား စက်တင်ဘာ ၁၈
  • မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းဆရာတော်ကြီး၏ တစ်ဘဝသာသနာခရီးမှတ်တမ်းစာအုပ် နမူနာ အကြမ်းပုံစံ ထွက်ရှိပြီဖြစ်၍ နောက်လတွင် စာအုပ်စတင်ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။
  • ဤစာအုပ်သည် မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်၏ သာသနာဝင်၊ ရာဇဝင်သမိုင်းစာမျက်နှာများ ထက် ဆန်တက်ခဲ့သော သာသနာပြုအာဇာနည် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်၏ အဓိပတိမဟာနာယကဖြစ်တော်မူသောနိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇ မဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသီလဝံသ မဟာထေရ်မြတ်ကြီး၏ ခြေလှမ်း များကို မှတ်ကျောက်တင်မီးမောင်းထိုးပြသော စာအုပ်တစ်အုပ်ဖြစ်ကြောင်းသိရသည်။
  • ဝန်းသိုကျောင်းတိုက်မှ ဆရာတော်ဥူးကောလေးမှ "ဒီစာအုပ်တွင် စာမျက်နှာငါးရာကျော်နှင့် စာမူရှင်တစ်ရာနှစ်ဆယ်ကျော် ပါဝင်ရေးသားထားသည့်အတွက် သာသနာပြုအာဇာနည် ဝန်းသိုဆရာတော်ကြီး၏ ခြေလှမ်းများကို မှတ်ကျောက်တင်မီးမောင်းထိုးပြသော စာအုပ်တစ်အုပ်ဖြစ်တယ်။ ဒီစာအုပ်ကို နောက်လတွင် ထွက်နိုင်အောင် စီစဉ်နေပါတယ်" ဟုမိန့်ကြားသည်။
  • အဆိုပါ စာအုပ်တွင် ဆရာတော်ကြီး၏ သြဝါဒများ၊ ဘဝဖြစ်တော်စဉ် ထေရုပ္ပတ္တိ နှင့် သမိုင်းစာမျက်နှာများ၊ နှစ်(၉၀)ကျော်ခရီး ဖြတ်သန်းခဲ့ရာ တစ်ဘဝသာသနာတစ်လျှောက် ဘဝအစိတ်အပိုင်းတခုခုနဲ့ ထိတွေ့ခဲ့သူ စာမူရှင်စာရေးသူများ၏ မီးမောင်းထိုးပြထားသော အချက်များ၊ တိပိဆရာတော်ကြီးများအစ၊ တပည့်သားများအလယ်၊ ဒကာဒကာများအဆုံး အရွယ်စုံ နေရာစုံ ရှုထောင့်စုံမှ အမြင်များ၊ အတွေ့ အကြုံများ၊ ခံစားချက်နှင့် သမိုင်းအထောက်အထား ဓါတ်ပုံများ ဝေဝေဆာဆာ ဖေါ်ပြပါဝင်သည့်အတွက် ဆရာတော်ကြီးကိုယ်စား သမိုင်းမှတ်တမ်း ကျန်ရစ်မည့် စာအုပ်တစ်အုပ် ဖြစ်ကြောင်းသိရသည်။
                                                        စိုင်းဆိုင်မင်း

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ