ချီဖွေမြို့နယ် ဖီမော်ဒေသ အတွင်းရှိ သတ္တုတူးဖော်ရေးကုမ္ပဏီများအား ကချင်ပြည်နယ် သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဝင်းဇော် ဦးဆောင်သည့်အဖွဲ့မှစစ်ဆေး

ချီဖွေမြို့နယ် ဖီမော်ဒေသ အတွင်းရှိ သတ္တုတူးဖော်ရေးကုမ္ပဏီများအား ကချင်ပြည်နယ် သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဝင်းဇော် ဦးဆောင်သည့်အဖွဲ့မှစစ်ဆေး

EPN
ချီဖွေ၊ စက်တင်ဘာ ၁၉
  •     ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဝင်းဇော် ဦးဆောင်သည့်အဖွဲ့မှ ချီဖွေမြို့နယ် ဖီမော်ဒေသ အတွင်းရှိ သတ္တုတူးဖော်ရေးကုမ္ပဏီများအား စက်တင်ဘာလ ၁၉ရက် နံနက် ၁၀နာရီခန့်က သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
  •     ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဝင်းဇော်ဦးဆောင်သော ဌာနဆိုင် ရာများ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များသည် ချီဖွေမြို့နယ် ဖီမော်ဒေသ အတွင်းရှိ သတ္တုကုမ္ပဏီ ငါးခုအား စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
  •     “ဆန်းလင်း ကုမ္ပဏီ ဖီမော် တာဝန်ခံ ဦးဇယ်ဒေါင်က ဒီနေ့က ကျွန်တော်တို့ ဆန်းလင်း ကုမ္ပဏီ၊ စင်ကြိုင် ကုမ္ပဏီနဲ့ ကျားရှင် ကုမ္ပဏီတို့ကို တာဝန်ရှိသူတွေ လာရောက်စစ်ဆေးတာပါ။ နောက်နေ့မှာတော့ ကျန်တဲ့ ကုမ္ပဏီတွေကို ဆက်လက် စစ်ဆေးသွားမည်ဆိုတာ သိရတယ်” ဟု ပြောသည်။
  •     ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဝင်းဇော် ဦးဆောင်သော ဌာနဆိုင် ရာများ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များသည် ဖီမော်ဒေသ အတွင်းရှိ ဆန်းလင်းကုမ္ပဏီ၊ စင်ကြိုင် ကုမ္ပဏီ၊ အလွမ်းတောင် ကုမ္ပဏီ၊ ကျားရှင်ကုမ္ပဏီ၊ ချယ်ရင်တောင်ကုမ္ပဏီ သတ္တုကုမ္ပဏီ
    ငါးခုကို လုပ်ကွက်သက်တမ်းတိုးရန်နှင့် ထုတ်လုပ်ခွင့် လိုင်စင်ထုတ်ပေးရန်အတွက် လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
                                                     စိုင်းဆိုင်မင်း



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ