မြစ်ကြီးနား ကားကြီးဝင်း အ၀င်လမ်းပြုပြင်ပေးရန် တောင်းဆို
မြစ်ကြီးနား ကားကြီးဝင်း အ၀င်လမ်းပြုပြင်ပေးရန် တောင်းဆို
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၄
- မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ကားကြီးကွင်းအ၀င်လမ်းကို ပြုပြင်ပေးရန် တောင်းဆိုထား ကြောင်း သီတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
- မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ ကားကြီးဝင်းဟုလူသိများသော အဝေးပြေးယာဉ် ရပ်နားစခန်း ရှေ့လမ်းပျက်စီးနေမှုကို ပြုပြင်ပေးရန်အတွက် သီတာရပ်ကွက် အုပ်ချုပ်ရေးမှူးမှ (၂၀၁၇)ခု ဇူလိုင်လ (၅)ရက် နေ့လည်(၁)နာရီအချိန်က ကျင်းပပြုလုပ်သော မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၁၇)၌ ၄င်းလမ်းကို ပြုပြင် ပေးရန် ဆွေးနွေးခဲ့ရာ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၁၈-၁၉) ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်း စာရင်းတွင် ထည့်သွင်းလျာထားခဲ့ကြောင်းသိရသည်။
- “စည်ပင်၊ ပြည်သူတော့ မလုပ်ပါနဲ့ စည်ပင်ပဲအကုန်လုံး အကုန်အကျခံပြီး ခင်းပေးပါလို့ ပြန်တင်ထားတာ။ လုပ်ပေး မပေးတော့ မသိသေးဘူး။ ဒီလမ်းကရပ်ကွက်ရုံးထိပ်လမ်းဆုံကနေ ပြည်နယ်အရန်ရဲဓမ္မာရုံအထိကိုပေ(၃၀၀၀)ကျော်ရှိတယ်။ ကျနော်ကဒီဖက် အဝင် ပေ(၁၀၀၀)လောက် ခင်းပေးရင်ကို ပြည်သူတွေကောင်းကောင်းသွားလာနိုင်ပြီမို့ ကျေနပ်ပါတယ်။” ဟု သီတာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးက ပြောသည်။
- မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းရှေ့ အဝင်/အထွက်လမ်းသည် အလွန်ပင် ပျက်စီးနေပြီးလွန်ခဲ့သော(၂၀၁၁)ခုနှစ်၌ နောက်ဆုံးပြုပြင်ပေးခဲ့ပြီး ၄င်းနောက်ပိုင်းတွင် ပြည်သူများမှ ကိုယ်ထူကိုယ်ထ သဲကျောက်ခင်းခြင်းမှအပ မည်သည့်ဌာနဆိုင်ရာမှ လာရောက် ပြုပြင် ပေးခြင်းမရှိကြောင်းသိရသည်။
- “ဒီကားကြီးဝင်းအရှေ့လမ်းက ပျက်စီးနေတာတော်တော်ကိုဆိုးပါတယ်။ ဒီလမ်းကိုအသုံးပြုရတာ အဆင်ပြေသလားလို့မေးရင် အမှန်အတိုင်းပြောရရင် အဆင်မပြေပါဘူး။ တော်တော်လေးကို အဆင်မပြေ ပါဘူး။ ကျနော်တို့ ကားဖြစ်ဖြစ် သုံးဘီ်း ဖြစ်ဖြစ် ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ်ပေါ့။ တချို့ကားဝင်းကိုလာတဲ့ မိန်းက လေးတွေဆိုရင် ဆိုင်ကယ်လဲတဲ့အထိကိုဖြစ်တယ်။ လမ်းကချိုင့်အရမ်းများတဲ့အတွက် လမ်းဆိုးလို့ မထိန်း နိုင်ဘဲ ဆိုင်ကယ်တောင်လဲကြတယ်။” ဟု ကားကြီးဝင်း၌ အလုပ်လုပ်ကိုင်သူ ကိုလတ် က ပြောသည်။
- အဆိုပါ ကားကြီးဝင်းရှေ့လမ်းသည် နေ့စဉ်နှင့်အမျှ ကားကြီးကားငယ်ရာချီနှင့် ဆိုင်ကယ်နှင့် သုံးဘီးပေါင်းမြောက်များစွာ ဖြတ်သန်းသွားလာနေကြပြီး လူဦးရေသောင်းဂဏန်းမျှ အသုံးပြုနေသော လမ်းဖြစ်ခြင်းကြောင့် လမ်းသွားလမ်းလာများ ခရီးသွားမိဘပြည်သူများ ကားကြီးဝင်းကို အမှီပြုကာ လုပ်ကိုင်စားသောက်နေကြသူများအတွက် ကောင်းမွန်သောလမ်းဖြစ်ရန် အလွန်အရေးကြီးသည့်အတွက် အလျှင်အမြန်ပြုပြင်ပေးသင့်ပြီး မြစ်ကြီးနားမြို့ ဒေသခံများမှလည်းအဆိုပါ လမ်းအမြန်ကောင်းမွန်ရေး မျှော်လင့်ကြောင်းသိရသည်။
- သီတာရပ်ကွက် အုပ်ချုပ်ရေးမှူးမှလည်း “ကားကြီးဝင်းကလည်းပြောင်းတော့မယ်တို့ဘာတို့ ကြားနေရတော့ မပြောင်းခင်လေးကိုခင်းပေးစေချင်တာပေါ့။ ပြောင်းပြီးမှဆိုရင်တော့ ဒီကအိမ်ခြေ(၃၀) လောက်က အသုံးပြုသူတွေကပဲ ကျေးဇူးတင်မှာပေါ့။ မပြောင်းခင်ဆိုရင်တော့ လူအများကြီးက ဝိုင်းပြီး ကျေဇူးတင်ကြမှာလေ။ အဲ့ဒါမှလဲအစိုးရကပြည်သူတွေ အပေါ်မေတ္တာထားတာကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် သိနိုင်မှာပေါ့။ ဒီလမ်းကိုချဲ့ဖို့တို့ဘာတို့တော့ မမျှော်လင့်ပါဘူး။ ဒီအတိုင်းဆိုလဲ အစိုးရအနေနဲ့ အကုန်အကျခံခင်းပေးစေချင်တယ်။ ဘာလို့လဲဆိုတော့ ဒီလမ်းပျက်တာက ကားကြီးဝင်းက အသုံးပြုလို့ အဓိကလမ်းပျက်တာပဲ။ ကားကြီးဝင်းကရတဲ့အကျိုးအမြတ်တွေကို ဘယ်ကရတာလဲ။ ကားကြီးဝင်းက အား/ကာက ပိုင်တာဆိုတော့ ဆိုင်ခန်းလခတွေကို အား/ကာထဲ ဝင်သွားတယ်။ နောက်ပြီး ဘီးခွန်ကောက်တယ်။ သူ့သက်ဆိုင်ရာဌာနထဲဝင်သွာတယ်။ မောင်းတံဂိတ်ကရတဲ့ပိုက်ဆံတွေ တစ်လကို (၆)သိန်းခွဲယ.က.တကို ပေးရတယ်။ အလွတ်ကြီးပေးရတာ။ တကယ်ဆိုသူတို့က ဦးဆောင်ပြီးလုပ်ရမှာ၊ သူတို့မှာတာဝန်အများကြီးရှိတယ်။ ကျနော့်မှာတာဝန်မရှိဘူးလို့ မပြောပါဘူး၊ ရှိပါတယ်။ သူတို့ ယ.က.တ ကော်မတီကထုတ်ထားတဲ့ ဥပဒေစာအုပ်မှာကိုက ဒေသဖွံ့ဖြိုးရေးလုပ်ရမယ် ဆိုတာပါတယ်။ လုံးဝမပါဘူး။” ဟု သီတာအုပ်ချုပ်ရေးမှူးက EPNသတင်းဌာနသို့ ပြောကြားခဲ့သည်။
- သို့သော် ကားကြီးဝင်းကိုတပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီးသို့ ပြောင်းရွေ့တော့မည်ဟု ကြားသိနေရသောကြောင့် ကားကြီးဝင်းအဝင်လမ်းကို ယခုလက်ရှိအကျယ်အတိုင်းအတာနှင့် ကတ္တရာ ခင်းပေးလျှင်ပင် ပြည်သူများကကျေနပ်ပါသည် ဟု ပြောဆိုလျှက်ရှိသည်။
- ကားကြီးဝင်းပြောင်းရွေ့သွားမည်ဆိုပါက ကျန်ရစ်မည့် ရပ်ကွက်နေပြည်သူများမှာ အိမ်ခြေ အနည်းငယ်သာ ဖြစ်သည့်အတွက် လမ်းကိုချဲ့ရန် မလိုပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့မှ အလုံးစုံ အကုန်အကျခံ ခင်းပေးရန်နှင့် မြန်မြန်ဆန်ဆန်ခင်းပေးရန်သာလိုပါကြောင်း ဒေသခံပြည်သူများမှ မျှော်လင့် လျက်ရှိသည်။







Comments
Post a Comment