နမ္မတီး-တနိုင်းသွားလမ်းမပေါ်ရှိ မရမ်းကထောင်ရွာအနီးတွင် ရှောင်တခင် စစ်ဆေးနေစဉ် သိန်း(၂၀၀)ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နမ္မတီး-တနိုင်းသွားလမ်းမပေါ်ရှိ မရမ်းကထောင်ရွာအနီးတွင် ရှောင်တခင် စစ်ဆေးနေစဉ် သိန်း(၂၀၀)ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
EPN
မိုးကောင်း၊ စက်တင်ဘာ ၂၁
- နမ္မတီး-တနိုင်းသွားလမ်းမပေါ်ရှိ မရမ်းကထောင်ရွာအနီးတွင် စက်တင်ဘာလ ၂၁ရက် နေ့လည် ၁နာရီအချိန်ခန့်က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
- ဖြစ်စဉ်မှာ နမ္မတီးဘက်မှ တနိုင်းဘက်သို့ ဝေါ်ဆာ (၂၆)နှစ် (ဘ)ဦးဗျာလူး မောင်းနှင်စီးလာသော ဆိုင်ကယ်အား မူးယစ်တပ်စု(၃) ရဲအုပ်နိုင်ဝင်း ဦးစီးအဖွဲ့၊ ခလရ(၃၈၁)မှ ဗိုလ်ကြီးအောင်စိုးမိုး ဦးစီးအဖွဲ့၊ မိုးကောင်းမြို့မရဲစခန်းမှ တပ်ကြပ်ကြီး မြင့်ကိုကို ပြည်သူ့စစ်(မိုးကောင်း) ဦးသန်းဌေးဇော်ပါ ပူးပေါင်းအဖွဲ့ သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်နေကြောင်း သတင်းအရ မရမ်းကထောင်ရွာအနီး နမ္မတီး-တနိုင်းသွား ကားလမ်းမပေါ်တွင် ရှောင်တခင် စစ်ဆေးနေစဉ် သက်သေ များနှင့်အတူ စစ်ဆေးရှာဖွေတွေ့ရှိခဲ့သည်။
- ထိုသို့စစ်ဆေးရှာဖွေရာ ဝေါ်ဆာ(ကျား) မောင်းနှင်လာသော CANDA(125) ဆိုင်ကယ် (နက်/နီ) တူးဘောက်နှင့် ကာဘာကြားမှ ပလပ်စတစ်အိတ် အမဲဖြင့် ထုတ်လျှက်ဘိန်းစိမ်းဟု ယူဆရသော အညိုရောင်အစေး (အစို) အလေးချိန် (၆၀၀)ဂရမ်ခန့် (၁)ထုတ်၊ ဆိုင်ကယ် ညာဘက် တူးဘောက်ကြားမှ အလေးချိန် (၄၀၀)ဂရမ်ခန့် (၁)ထုတ်နှင့် ဆိုင်ကယ် ဆီတိုင်ကီအောက်မှ အလေးချိန် (၁.၅)ကီလိုဂရမ်ခန့် (၁)ထုတ် စုစုပေါင်းအလေးချိန် (၂.၅)ဂရမ်ခန့် ကာလတန်ဖိုး ကျပ်သိန်း(၂၀၀)ခန့်အား ဒုရဲအုပ်အောင်ပိုင် မှ သက်သေများရှေ့တွင် ရှာဖွေ တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်းသိရသည်။
- အဆိုပါ မူးယစ်ဆေးများသည် ကန်ပိုက်တည်မြို့နယ်၊ ရှားညိုရှောင်ကျေးရွာနေသူ အားကျုံးထံမှ ၁ပိဿာလျှင် ၄၅၀၀၀၀ကျပ်ဖြင့် ၂ပိဿာ ၉၀၀၀၀၀ကျပ်ဖြင့် ၀ယ်ယူပြီး ဖားကန့်မှော်အတွင်း ပြန်လည် ရောင်းချရန် သယ်ဆောင်လာကြောင်းသိရသည်။
- ဖြစ်စဉ်နှင့် ပါတ်သက်၍ မူးယစ်ဆေးလက်ဝယ်တွေ့ရှိသူ ၀ိုင်းမော်မြို့နယ်၊ အောင်မြေ(၁)ရွာနေသူ ဦးဝေါ်ဆာ(၂၆)နှစ်(ဘ)ဦးဗျာလူးအား ဒုရဲအုပ်အောင်ပိုင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မိုးကောင်းမြို့မ ရဲစခန်းမှ မယ(ပ)၆၄/၂၀၁၇၊ မူး/စိတ် ၁၅/၁၉(က)ဖြင့်အရေးယူထားကြောင်းသိရသည်။

Comments
Post a Comment