ဂစ်တာဖြင့်အရိုက်ခံရပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွား

ဂစ်တာဖြင့်အရိုက်ခံရပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၃
  • မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်အတွင်းတွင် လူငယ်များစကားများ ရန်ဖြစ်ရာမှ ဂစ်တာဖြင့် ရိုက် နှက်ခံရမှုကြောင့် လူတစ်ဦးသေဆုံးသွားခဲ့ကြောင်း မြစ်ကြီးနားနယ်မြေရဲစခန်းမှ သိရသည်။
  •  “တရားခံ မမိသေးပါဘူး ဘယ်သူရိုက် သွားတယ်ဆိုတာ မသိသေးဘူး။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲပဲ” ဟု မြစ်ကြီးနားမြို့နယ် နယ်မြေရဲစခခန်းမှ ဒုရဲမှူး သိန်းဇော်ကပြောသည်။
  • စက်တင်ဘာ၁၂ရက် ည၁၁နာရီခွဲခန့်က မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်  နယ်မြေ ၁၄ မီးရထား ၀င်းအတွင်းတွင် နေထိုင်သော မောင်မျိုးမျိုးကျော်(၁၉နှစ်)သည် ညဈေးတန်း ထမင်းကြော်ဆိုင်တွင် ထိုင်နေ သော လူငယ်ငါးဦးခန့်နှင့် စကားများရန်ဖြစ်ရာမှ KEPME တံဆိပ်ဂစ်တာ အနက်ရောင်ဖြင့် အရိုက်ခံရပြီး သံလမ်းကူးအနီးတွင် လဲကျနေကြောင်း သေသုံးသွားသူ၏ အကိုထံ သူငယ်ချင်း တစ်ဦးမှ ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့် သွားရောက်ကြည့်ရှုပြီး ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားပါကြောင်း နယ်မြေရဲစခန်းမှ သိရှိရသည်။
  • “ရိုက်လိုက်တဲ့ ဂစ်တာက လျှစ်စစ်ဂစ်တာ အသားထူတယ် အလေးချိန်စီးတယ် ညာဘက် မျက်ခုံးပေါက်ပြဲ ဒဏ်ရာတစ်ချက်နဲ့ပဲဆေးရုံရောက်မှ သေသွားတာပါ” ဟုအောင်နန်းရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးခင်မောင်သန်းကပြောသည်။
  • အဆိုပါဖြစ်စဉ်ကို နယ်မြေရဲစခန်းတွင်(ပ)၁၉၅/၂၀၁၇ဖြင့် အမှုဖွင့်အရေးယူထားပြီး အမှုစစ် ဒုရဲအုပ် စည်သူလင်းမှ တရားခံ ဖမ်းဆီး ရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
                                                   မီးမီး


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ